အခန်း (၂၀)

122K 11.7K 1.5K
                                    


ရုံးတော်တွင် စီရင်ချက်ချပြီးတဲ့အထိ နွယ်ခက်ချိုက တရားရုံးရှေ့တွင်သာရပ်နေခဲ့သည်။

" အော်...ချိုပါလား "

" လာနှုတ်ဆက်တာ ။နွယ် ဘိလပ်ကိုသွားတော့မှာ ထောင်ကလွတ်ရင် နွယ်သိတဲ့ ခပ်အေးအေး အနောက်တိုင်းသူအဖြစ်ဆက်နေထိုင်မယ်ဆို နွယ့်ကိုအချိန်မရွေးလာရှာလှည့်ပါ "

နွယ််ခက်ချိုထိုအမျိုးသမီးအားကျောခိုင်းလို့ နွားလှည်းပေါ်တက်ကာ ရထားဘူတာကြီးဆီကာမောင်းနှင်ခိုင်းလိုက်တော့သည်။

× × ×

" မြို့အုပ်မင်းဗျ ။ ရွာကိုတာဝန်ကျဆရာဝန်မလေးရောက်လာပါပြီ အဲ့တာ သူကြီးကပြောခိုင်းလိုက်လို့ "

" ကောင်းပါပြီ ။ ကျုပ်အခုပဲ လိုက်လာခဲ့ပါ့မယ် "

မကြာခင်ပဲစပါးစိုက်ရာသီကုန်ဆုံးမှာဖြစ်ပြီး ဆောင်းသီးနှံဖြစ်တဲ့ မြေပဲ နှင့်ဖရဲ ပဲမျိုးစုံအတွက်တောင်သူလယ်သမားတွေကစတင်မြေကိုထွန်ယက်နေပြီဖြစ်သည်။

ဖုန်တသောသောလမ်းမကြီးအား ရေပတ်ဖြန်းလိုက်တဲ့အခါ ဖုန်မှုန့်လေးတွေထပျံဝဲလို့ ထွက်ပေါ်လာသောမြေသင်းနံ့သင်းသင်းကိုရှိန်းနောင်နှစ်ခြိုက်၏။

သူကြီးအိမ်ရောက်တဲ့အခါ ခုံတန်းလျားတစ်ခုထဲတွင်အတူထိုင်လို့ ရပ်ကျော်ရွာကျော် ကိုဘမောင်နှင့်ဆရာဝန်မချောချောလေးမှာ စကားလက်ဆုံကျနေလေသည်။

ထိုအခိုက်တန့်တွင်ဖြစ်ပေါ်လာသောခံစားချက်အားသူမဖော်ပြတက်ချေ။ ကိုဘမောင်အား သုံးခေါက်ချိုးလို့ ဂျိုင်းကြားပင်ညှပ်ထားချင်မိတော့သည် ။

" မြို့အုပ်မင်း ရောက်လာပြီလား ထိုင်ပါဗျာ "

သူကြီးကနေရာချပေးသော်လည်းရှိန်းနောင်က ဘမောင်၏ခုံတန်းလျားဘက်တွင်သာဝင်ရောက်ထိုင်ချကာ ဘမောင်ကတော့ ဆရာဝန်မလေးကြားနှင့် ရှိန်းနောင်ကြား ညှပ်မိနေတော့သည်။

" ကျွန်မနာမည် ခင်ခင်လှ ပါ ။ မြို့အုပ်မင်းဆိုလို့ အသက်ကြီးမယ်ထင်ထားတာ တကယ်ကျငယ်လိုက်ပါဘိ "

မခင်ခင်လှနှင့် သူကြီးကတော့ တခစ်ခစ်ရယ်မောနေပေမဲ့ ရှိန်းနောင်ကတော့ သူ၏မကျေမချမ်းဖြစ်နေမှုကို ရေနွေးခွက်ဖြင့်ကာကွယ်နေရသည်။

ခက်ရချည်ရဲ့   . . . ဗျာ Where stories live. Discover now