လှေဦးပိုင်းတွင်ထိုင်လို့ ရှိန်းနောင်ဘမောင််အားကျောပေးထား၏။ လှေထိုးသမားကတော့ ဆရာလေး၏တင်းမာနေသောမျက်နှာကြောင့် စကားပင်မပြောရဲချေ။ဘမောင်ကတော့ ကျောပြင်သေးသေးလေးအားကြည့်လို့ တခစ်ခစ်ရယ်မောနေလေသည် ။
" မောင့်နောင် "
လှေလှော်သံအပြင် ထိုခေါ်ဆိုမှုအားခွန်းတုံ့ပြန်သည့် အသံထွက်မလာချေ။
" ကျောမှာကောက်ရိုးစတွေကပ်နေတယ်ရယ် ။ မယားဘူးလား "
နောက်စံ ဆံပင်နှင့်ကျောတွင်ကပ်နေသော ကောက်ရိုးမျှင်စတွေမှာ ဟိုတစ်စ သည်တစ်စနှင့် ခြုံတိုးလာသည့်နှယ့်။
" ဖယ်ပေး "
" ဟုတ်ပါပြီ ။ ဟုတ်ပါပြီ ။ မောင်ဖယ်ပေးပါ့မယ် "
နောက်စေ့မှစလို့ ကျောပြင်အဆုံး ကပ်တွယ်နေသော ကောက်ရိုးစတွေကိုဖယ်ခွာရင်း ဘမောင်ကတော့ ရယ်၍မဆုံးတပြုံးပြုံးဖြစ်နေလေသည် ။
" ကိုဘမောင် အရီးတို့အိမ်ပြန်မှာလား"
" ဟွန်အင်း ။ ရွာလယ်ကျောင်းကိုသွားမှာ ရှေ့နားက ကူးတို့ဆိပ်မှာပဲ ကမ်းကပ်ပေး "
လှေထိုးသမားမှာ တစ်တီတူးတက်သောအတွဲလေးအတွက်လှေလှော်ပေးဖူးသော်လည်း အမျိုးသားနှစ်ယောက်ယခုကဲ့သို့ ကျီစယ်ချစ်ကြွယ်နေသည့် မြင်ကွင်းကိုတော့ တစ်ခါမျှမမြင်ဖူးချေ။
ကမ်းကမ်လို့ လှေငြိမ်တာနဲ့မတ်တပ်ရပ်တဲ့အခါ ရှိန်းနောင်မှာ နာကျင်လို့ တစ်ချက်ပင်ယိုင်နဲ့သွားရသေးသည်။
" မောင်ပွေ့ချီလှည့်မယ်လေ "
ဘမောင်၏ရင်ဘက်အားတွန်းကန်လို့ထော့နဲ့ နဲ့ဖြင့် မြေပြင်ပေါ်တက်သွားလေသော ဖြူဖြူပုပုလေးကိုကြည့်ရင်း ဘမောင် အသည်းတယားယားဖြင့်ရင်ဘက်သာကုတ်လိုက်မိချေသည်။
" ဆရာလေးက ချစ်စရာလေးနော် "
" အဲ့တာ ခင်ဗျားအပူလား ဟမ့် "
လှေထိုးသမားမှာ မထင်မှတ်ပဲ ရန်တွေ့ခံလိုက်ရတာကြောင့် ဆိုစရာစကားပင်မရှိတော့။