" ချစ်ရဲ့လားလို့ ခဏခဏမေးတဲ့မောင့်ကိုပင် ~ "
ပဲခင်းထဲမှအမြဲလိုကြားနေရတက်သောထိုသီချင်းအားအနီးနားမှ ငှက်ကလေးတွေတောင်အလွတ်ရလုနီးပါးပင်။
ဝါးခမောက်စောင်းလို့ ပဲလေ့နေသောဘမောင်၏တစ်ကိုယ်လုံးတွင် ပဲမှုန်တွေဖြင့် ညစ်ထေးထေးဖြစ်နေသော်လည်း အပြုံးတွေကတော့ကြည်လင်နေ၏။
" ကိုကြီးဘမောင်ရေ ထမင်းစားတက်ကြစို့လေ "
" ပဲသွားပို့တဲ့စက်လှေပြန်ရောက်ပြီလား ။ ငါကအိမ်ပြန်စားမှာ "
" နေကပူပူနဲ့ရယ် ဒီမှာပဲဝိုင်းစားလိုက်ကြစို့လေ ထမင်းအပိုပါတယ်တော့ "
ပဲနုတ်သမအချို့က ဖိတ်ခေါ်သော်လည်း ဘမောင်ကတော့လက်ခါလို့ သာငြင်းဆန်၏။
" အိမ်မှာချစ်သည်းစောင့်နေမှာ ။ မစားတော့ပါဘူးဗျာ ။ သူကစောင့်ရတာကိုကြိုက်တက်တာမဟုတ်ဘူး "
စက်လှေမှာအချိန်ကိုက်ပြန်စိုက်လို့ စက်လေးမှာမနားရှာပဲ တစ်ဖက်ကမ်းကိုကူးရပြန်သည် ။
" ဆရာလေးရှိန်းနောင်က သိပ်ကံကောင်းတာပဲ ။ ကြည့်ပါအုံး ကိုကြီးဘမောင်က ချစ်လိုက်တာဆိုတာ "
" ဟိုကလည်းချစ်ရှာပါတယ်နော် ။ မနေ့က အရီးတို့အိမ်က ရေတွင်းရေသွားခပ်တုန်း မြင်မိတာ ။ ခြေရင်းပိုင်းမှာထိုင်ပြီး သူ့ချစ်လင်ကိုခြေသည်းလက်သည်းအသေချာကိုညှပ်ပေးနေရှာတာ "
× × ×
" ချစ်သည်းရေ မောင်ပြန်လာပြီ "
" သိတယ် ။ အသံကိုကမ်းကပ်ကတည်းကကြားနေရတာ ခြေလက်ဆေးပြီး ...အိုး ဟင်းရည်တွေတော့ပူလောင်ကုန်တော့မယ် "
နောက်မှသိုင်းဖက်ရင်းလည်တိုင်ဆီတိုးဝှေ့လို့ ပါးတစ်ဖက်အား ရွှက် ခနဲနမ်းတဲ့အခါ နားရွက်ကလေးမှာနီရဲလို့ သူ၏အိမ်သူသက်ထီးလေးခမြာ ရှက်ရွံနေ၏။
" ကမ်းခြေမှာကတည်းက ဆေးလာပြီးပြီ ။ အခုကစားဖို့ပဲကျန်တော့တယ် "
" အဲ့တာကြောင့်မလို့ဖယ် ။ ဗိုက်ဆာနေပြီမလား "
" ဆာနေပြီ ။ မောင့်ဗိုက်အောက်ပိုင်းက "