အပိုင်း ၄ uni

1.2K 160 22
                                    

"သားတော်လေး.."
"ဟာ...ခမည်းတော် သားတော်ဆီ လာတာလား"

နန်းဆောင်တွင်း စုတ်တံကြီးကိုင်ကာ ပုံဆွဲနေသူသည် သူ့ဆီ အပြေးလေးလာတော့ ချစ်စရာကောင်းသည့်သားတော်လေးကို ကောက်ချီလိုက်ပြီးသားပင်။

​လေးနှစ်ပြည့်ပြီးပြီမို့ သားတော်က စကားပင် တော်တော်တတ်နေပြီ။အတတ်ကလေးက သူ့ကိုလည်း ခင်တွယ်ရှာသည်။နန်းတွင်း ကိစ္စတွေမှာ အရှုက်အယှက်တွေ ရှိနေတာမို့ သားတော်ဆီပင် မရောက်ဖြစ်။

အမတော်ကတော့ သူ့လက်မောင်းကိုသာ ဖွဖွလေး ကိုင်ထားပြီး ပီတိပြုံးတွေ နှုတ်ခမ်းထက် တည်နေသော်ငြား မျက်လုံးတို့တွင် ဝမ်းနည်းရိပ် တစ်စွန်းတစ်စ တွေ့နေရသည်။ဆယ်ကျော်သက်အခါက အငွေ့အသက်တွေ အမတော်တွင် မတွေ့ရတော့။ ထို့အတွက် စိတ်ထဲတော့ မကောင်း။

ရှုပ်ထွေးလှသည့် နန်းတော်ထဲ သူ၏ စိတ်အပန်းဖြေရာ နှစ်သိမ့်ရာသည် အစ်မတော်နှင့်သားတော်သာရှိသည်။ကိုယ်တိုင်ကတော့ ပွေ့ဖက်ပေးဖို့ပင် မအားလပ်ခဲ့။ယူထားခဲ့တဲ့ တာဝန်ကို သူဟာ မကျေပွန်သူ တစ်ယောက်ဖြစ်နေပြီ။

နန်းတက်ပြီး တစ်နှစ်အကြာတွင် မိဖုရားအဖြစ် ဝမ်းကွဲတော်စပ်သူ အစ်မတော်အွန်းဟာကိုသာ ယုံယုံကြည်ကြည်နှင့်ထိမ်းမြားပြီး အစ်မတော်ကလည်း ယုံကြည်ပေးခဲ့သည်။

ဖေးမကူညီခြင်းတွေ၊ကျေးဇူးတရားတွေ၊မေတ္တာတရားတွေသည် သူ ခုအချိန်ထိ ရပ်တည်နေခဲ့တဲ့ ခွန်အားတွေပင်။

"ခမည်းတော် သားတော် ဆွဲထားတာ လှလားဟင် "
ဆွဲထားတဲ့ ပုံလေး ပြကာ မေးလာတဲ့ သားတော်သည် ချီးကျူးခံချင်နေကြောင်း သိသာလှသည်။

ကြည့်ကြည့်လိုက်တော့ သူတို့သုံးယောက်ပုံပင် ကိုယ်တော်ရဲ့ နှုတ်ခမ်းအောက်က မှဲ့လေးက ပါသေး။ကလေးမို့ သိပ်မပီပြင်ပေမယ့် သူနဲ့ပဲငယ်ငယ်ထဲက အနေနီးစပ်ခဲ့လို့ထင် ပန်းချီဝါသနာအိုးလေးဖြစ်ပြီး တတ်လွယ်လှသည်။

"လှတယ်...သားတော်လေးက ပြိုင်စံရှားလေးပဲ။"

"တကယ်လား အဲ့တာကြောင့် ခမည်းတော်ကို ချစ်တာ"

The king's pride || Complete ||Donde viven las historias. Descúbrelo ahora