Age limited အနည်းငယ်ပါဝင်သည်။
ရွေ့လျားနေတဲ့ မြေပြင်...နားတွေထဲလည်း အသံတွေဟာ စူးစူးဝါးဝါးရောရောထွေးထွေးတွေမို့ တောက်တစ်ချက်ခေါက်မိသည်။
ပတ်ဝန်းကျင်ဟာ အစွမ်းကုန်လည်နေတော့ ကိုယ်ကလည်း ဒယိမ်းဒယိုင်းရယ်။ထို့ကြောင့် သေရည်အိုးကိုင်ကာ လျှောက်နေတဲ့ သူ့ခရီးတွေဟာ မတွင်တော့။
အိမ်ကိုတော့ ရောက်မှဖြစ်မှာ သူရင်ဆိုင်ကြည့်ချင်တာ။သူ့ဘဝရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ ပတ်ဂျီမင်နဲ့ မိသားစုရဲ့နွေးထွေးမှုကို။
သူ့မျက်နှာက နွေးထွေးခြင်းတွေအတွက် ကျေးဇူးသဘောကို ထုတ်သာမြပတာ ထိုအရာတွေသည် သိပ်ကို သဘောကျစရာတွေချည်း။
ဉပမာဆိုေစသော ်မင်းကြီးလို့ သုံးပေမယ့် သားတစ်ယောက်လို နှစ်လိုဖွယ်ကြည့်တတ်တဲ့ အမေဖြစ်သူရဲ့မျက်လုံးတွေ။
ဘယ်တုန်းထဲက စုံစမ်းထားလဲ မသိတဲ့ သူ့အကြိုက်ဟင်းလျာတွေ။
ပြီးတော့ သူရှက်ရှက်နဲ့ ထည့်ပေးခဲ့တဲ့ဟင်းတွေကို အပြုံးတွေနဲ့ လက်ခံခဲ့တာတွေ။ဒါတွေက သူတစ်ခါဆိုတစ်ခါမှ မရခဲ့ဖူးတဲ့ မေတ္တာတွေ။
သို့သော် ဒီ လှပနွေးထွေးတဲ့နွံတွေထဲမှာ သူနစ်မြောတတ်လာမှာကို တစ်ဖက်စိတ်ကလည်း ကြောက်နေတယ်။
သူ့နေရပ်ဟာ အပေါ်ယံပေါင်းများစွာ မျက်နှာပေါင်းများစွာတည်ရှိ ကျတ်စားကြသည့် နေရာ။သူ့မှာ ယုံလွယ်တတ်တဲ့ အကျင့်ပါသွားမှာ စိုးသည်။သာယာတတ်တဲ့ စိတ်ပါသွားမှာစိုးသည်။
ပြီးတော့ ပတ်ဂျီမင်အတွက်ကျေတာ့ေရာ။
ဒီလူဟာ မချစ်တတ်သူ အတ္တကြီးသူဖြစ်သလို မာန်တွေနဲ့ဖုံးနေတာလည်း သူကိုယ်တိုင်သိသည်။ဖျောက်မရတော့မည့် ဗီဇတွေကြောင့် ေတွဝေရသည်။
လူတစ်ယောက်က တစ်ယောက်ကို အင်း ထားပါတော့ တစ်ယောက်ကိုပေါ့ ချစ်တယ်ဆိုတာ ရိုးရှင်းကောင်းရိုးရှင်းနိုင်ပေမယ့် သူမှာေတာ့သိတတ်စအရွယ်တည်းက အချစ်ဆိုတာ တကယ်မရှိခဲ့ကြောင်း ရှိခဲ့လျှင်လည်း ခဏတာပဲဖြစ်ကြောင်း သူ့ခမည်းတော်နတ်ရွာစံခြင်းက သက်သေပြခဲ့တာပဲလေ။
KAMU SEDANG MEMBACA
The king's pride || Complete ||
Fiksi Penggemarမာနတို့ အတ္တတို့ဆိုတာ ကိုယ်စီ ရှိကြမှာပဲမို့ ကျွန်တော် ဘုရင့်အား ထွေထူးစွာ မုန်းလို့ မရခဲ့ပါ။ Age limited အနည်းငယ်ပါဝင်သည်။ Main characters >jikook & vope< Unicode+Zawgyi Started date - Sep 16 2021 Ended date- April 10 2022
