အပိုင်း၃၃ Uni

926 91 3
                                    

"အဟွတ်...အဟွတ်..."
မနက်မိုးမလင်းခင်ထဲက အဆက်မပြတ်တဲ့ ချောင်းတွေကြောင့် အလုပ်ရှုပ်နေရတဲ့ ကလေးအပေါ် ဂျောင်ကု အားနာမိသည်။ညကတော့ သွေးပူနေတုန်းမို့ သူ့အားနည်းနေတဲ့ ခန္ဓာကိုယ်ကို သတိမထားမိပေမယ့် မနက်မိုးလင်းမှ ဆက်တိုက် ဆိုးနေတဲ့ ချောင်းကြောင့် နေထွက်လာတဲ့ အထိပင် မအိပ်ရ။

သူတို့နှစ်ဉီးသည် ကိုယ်လုပ်တော်ရဲ့ ယခင်အဆောင်မှာပဲ ညက အိပ်လိုက်ကြသည်။သူ့နန်းဆောင်သည် သူ့ပယောဂကြောင့် အမှိုက်တွင်းသဖွယ် ဖြစ်နေခဲ့ပြီ။ဒါကြောင့် ကလေးအား မဝင်စေလို ကျန်ရှိနေသေးအုံးမည့် အငွေ့အသက်တွေကြောင့်လည်း ကျန်းမာရေးကို မထိခိုက်စေလို။

ရီတော့ရီရသား ကျန်းမာရေးကို ထိခိုက်မယ် သိလိုက်သားနဲ့ နောင်တတွေကြောင့် ဘာကိုမှ မကြည့်ဘဲ သောက်လာပြီးကာမှ ခုတော့ သောက်ခဲ့မိလို့ နောင်တတစ်ခုက ထပ်ရလာပြန်သည်။ဒီတလောအတွင်း သူစဉ်းစားဉာဏ်မဲ့ခဲ့သည်ပဲ။ ကလေးသာ ပြန်လာမပေးခဲ့ရင် သူသည် ဆက်ကာစဉ်းစားဉာဏ်မဲ့နေအုံးမယ့် ကောင်ဖြစ်သည်။

"မင်းကြီး သက်သာလား။"

"အဟွတ်...အဟွတ် သက်...သက်သာ...အဟွတ် ပါတယ်။"
ဂျီမင် ဘေးကနေ ရေနွေးနွေးလေး တိုက်ပြီး ကျောကိုဖွဖွပွတ်ပေးကာ စိတ်ပူ​ေနရသည်။သူ မရှိစဉ်က ဆေးပြင်းလိပ်တွေအား ဘယ်လောက်ထိ သောက်လို့ ဒီလောက် ဖြစ်နေရတာလဲမသိ။ ရင်ဘတ်တွေ ဖောင်းလိုက်ပိန်လိုက် ဖြစ်သည်အထိ ဆိုးနေတာ မြင်ရတော့ စိတ်ပူပြီး လူက ငိုချင်လာသည်။

"နမ်ဂျွန်းဟျောင်းကလား ဆေးသွားယူခိုင်းတာ ခုထိ မလာသေးဘူး။"
သူ့ဘဝ၌ အကြီးအား ဘာမှမဆိုင်ပါဘဲ ကြားကနေ စိတ်မရှည်သလို ပြောဖူးတာ ဒီတစ်ခါ ပထမဆုံးဖြစ်လိမ့်မယ်။

"ရ...အဟွတ်...ရတယ်..."

"မရပါဘူး မောနေပြီမလား အဲ့တာကြောင့် ဘာလို့ ဆေးပြင်းလိပ်တွေ အရမ်းသောက်ရတာလဲ ကွျွန်တော် ရှိမနေနိုင်တာနဲ့ ဒီလို လုပ်ပြဖို့ မလိုဘူးလေ ဂျောင်ကု မကောင်းဘူး။"
အမာရွတ်နဲ့ပတ်ဂျီမင်သည် အရင်လို မဟုတ်တော့ မကျေနပ်တာတွေကို အလုံးအရင်းနဲ့ ပေါက်ကွဲတတ်လာသည်။ဒါက ဟိုးငယ်ငယ်က ကလေးလေးပုံစံပဲ ဖြစ်ရမယ်ဟု ဘုရင်တွေးပြီး ပြုံးမိသည်။ ကလေးလေးဟာ မလွယ်ကြောလေးမလား သူ့ပါးကို ကိုက်လို့ မမှီမကန်းနဲ့ ​ပြန်ကိုက်တဲ့ အမှတ်တရလေးက သက်သေလေ။

The king's pride || Complete ||Donde viven las historias. Descúbrelo ahora