အပိုင်း၁၁ uni

1.4K 143 44
                                        

နန်းဆောင်ပေါင်းများစွာ လမ်းသွယ်ပေါင်းများစွာဟာ နန်းတော်တွင်း မျက်စိနောက်ဖွယ်ကို မြင်တွေ့နေရမှာတော့ မလွဲ

ခမ်းနားလွန်း ကျယ်ဝန်းလွန်းတဲ့ နန်းတော်ဝန်းကျင်ထက် ကောင်းကင်မှာ ငှက်ပေါင်းစုံတို့ဟာလည်း အသိုက်ရှိရာနေရပ်သို့ အိပ်တန်းတက်ရန် တောင်ပံတစ်စုံအားကို သုံးကာ ပျံသန်းနေကြလျက်.....

ကောင်းကင်ပေါ်မှာ ပျံသန်းနေတဲ့ငှက်တွေလိုပဲ မြေပြင်ပေါ်မှာလည်း လူအပေါင်းဟာ တာဝန်ကိုယ်စီမပြီးသတ်သေးတာမို့ နန်းဆောင်တစ်ဆောင်မှ တစ်ဆောင်သို့ ကူးလူးလို့ရယ်....

တခြားသောလူတွေနှင့် ဆန့်ကျင်လွန်းတဲ့လူသားနှစ်ယောက်လည်းရှိပြီး နေ့ဘက်မှာမထွက်သာသေးတဲ့လမင်းလေးဟာ ငိုလို့ယိုလို့

အရှင့်လက်တွေက တင်းတင်းကြပ်ကြပ်ဆွဲခေါ်လာတဲ့အခါ သူကလည်း မရုန်းသာခဲ့ ဘာတွေမှားပြန်ပြီလဲ သူနားမလည်တော့ ေဒါသထွက်တာဟာ သူအမှားလုပ်မိခဲ့လို့ဆိုတာ တွေးကြည့်ရုံဖြင့် သိသည်

အရှင့်ဆွဲခေါ်ခြင်းခံရတဲ့လက်ကလေးသည် ဒဏ်ရာမကျတ်သေး သို့သော် တခြားမှမဟုတ်တာ အရှင်ပဲလေ သူနာခံဝင့်ပါသည်။

ဆွဲခေါ်ရာနောက်ပါသွားတော့ ရပ်တန့်လိုက်တဲ့အရှင်ဟာ ဆွဲထားတဲ့သူ့လက်တွေကို ဆောင့်လွှဲကာ နန်းတော်ရဲ့ ချောင်ကျကျနန်းဆောင်နံရံသို့ ကိုယ်လုံးလေးကို ပြိုဆင်းစေသည်။

လမင်းလေးသည် မျက်ရည်မသွန်းဖို့ထိန်းပါသေးတယ် ဒါပေမယ့် မျက်ဝန်းတွေက မနာခံ။

ထောင့်တစ်ခုမှာ ကျုံ့နေတဲ့ကိုယ်လေးဟာ ဒဏ်ရာရလက်တစ်ဖက်ကိုကျန်လက်တစ်ဖက်နဲ့ အုပ်ကိုင်ထားပါရဲ့
ရှိုက်လိုက်လို့ ထွက်လာမယ့်အသံလေးကိုတော့ အောက်နှုတ်ခမ်းကိုကိုက်ကာ ထိန်းချုပ်ထားတယ်။

"ပတ်ဂျီမင် မင်းသိနေတာမလား ပြော မင်းသိနေတာမလားလို့"

*ဟုတ်တယ် သူသိနေပါတယ်* အဖြစ်အပျက်တွေကိုရော မိန်းမတစ်ယောက်ရဲ့ဝန်ခံဖို့မရဲ ပိုင်ဆိုင်လိုခြင်းရောနေတဲ့နာနာကြည်းကြည်းမျက်လုံးတွေကိုရော

The king's pride || Complete ||Dove le storie prendono vita. Scoprilo ora