အပုိင်း ၂

1.5K 202 36
                                    

Uni

"သားလေးက ဒီအကျီလေးနဲ့ လှနေလိုက်တာ.....​ေမမေတော့ နှမြောနေပြီ ထည့်ပေးလိုက်ဖို့ကို။"
မွေးတည်းက သူမတစ်ယောက်တည်း ရုန်းကန်ကြွေးလာရပြီး သားဖြစ်သူက လိမ္မာတော့ သူမသည် သားရ ကံကောင်းလှပါသည်။ သို့သော် ရုတ်တရက် ခွဲခွါရမည်ဆိုတော့ စိတ်ထဲမကောင်းဖြစ်ရသည်။
တွေးရင်းတွေးရင်း ငိုနေမိသည်။

"မငိုပါနဲ့​ေမမေရယ် သားလည်း မသွားချင်ပေမယ့် မင်းအမိန့်ဆိုတာ....။"
သူပြောရင်းပင် စကားလုံးတို့က ထွက်မလာတော့ဘဲ ရင်ထဲကစူးတက်နေသည်။​ေမမေက နားလည်ပါတယ် ဆိုပြီး ခေါင်းညိမ့်ကာ မျက်ရည်တွေ ကြားကပြုံးပြလာသည်။

"မေမေ သားကို လွမ်းနေတော့မှာပဲ။"

"သားလည်း လွမ်းနေမှာပါ လာခွင့်ရှိခဲ့ရင် လာလည်ပါမယ်နော် မေမေ ကျန်းကျန်းမာမာနေပါ။"

"အင်းပါကွယ်.....သွားတော့လေ လာခေါ်နေကြပြီ။"

"ဟုတ်ကဲ့ မေမေ သားသွားပြီနော်။"
​ေမ့ပါးကို နမ်းပြီး ထွက်လာလိုက်သည်။အပြင်ထိ တိုင်လိုက်ပို့ပါရယ်လို့ သူ့ဘက်က မတောင်းဆိုမိ။
မိခင်သည်လည်း ြခံအပြင်ထိတောင် လိုက်မပို့နိုင် အိမ်ထဲမှာပဲ ကျန်ခဲ့ကာ ရှုံးပွဲချငိုကျန်ခဲ့တော့သည်။သူလည်း ဝမ်းနည်းလွန်းပေမယ့် မငိုပါ သူ စိတ်ခိုင်မှ ရမည်လေ။

ယခု သူ့အမိ ကျန်နေခဲ့ရာ အိမ်သည် ဘုရင်မှ ချီးမြင့်ခဲ့သည့် အိမ်ဖြစ်သည်။
သူတို့သားမိသည် ဆောင်ကြာမြိုင်တွင်ပဲ နေကြစားကြသည့် ဘဝ။အ​ေဖကတော့ ရုပ်ရည်ပင် တစ်ခါမျှမမြင်ဖူးပဲ သူမွေးတည်းက ကွယ်လွန်ခဲ့သည်။

ဒီလိုမျိုး ဘုရင့်ရဲ့ကိုယ်လုပ်တော်အဖြစ် ကောက်ယူခံရမည်ဟု အတွေးတစ်စပင် မတွေးခဲ့ဘူးပေ။

မထင်မှတ်ထားတဲ့ည မထင်မှတ်ပဲ ဖြစ်ပျက်ခဲ့သည့်ဖြစ်ရပ်သည် သူ့ဘဝကို ပြောင်းလဲစေခဲ့သည်။

ထိုညက သူငြင်းဖို့ရာ ကြိုးစားခဲ့ပေမယ့် တစ်ခုခုက ငြင်းဆန်ဖို့ တားမြစ်ခံနေရသလို ရပ်တန့်နေမိခဲ့တာ။အသံတစ်ခုက ကြားခဲ့​​ပေမယ့် အဲ့အချိန်က သူ လွက်မြောက်ဖို့ ကြိုးစားပါသေးသည်။သို့သော် မတတ်နိုင်ခဲ့။

The king's pride || Complete ||Where stories live. Discover now