အပိုင်း၁၇ uni

1K 138 12
                                    

တော်တော်လေးကို ကြာညောင်းခဲ့တဲ့အချိန်အပိုင်းအခြားတစ်ခုအပြီးမှာ အိမ်သို့ရောက်လာခဲ့ပြီ။နေမင်းကြီးပင် သူတို့တည့်တည့်၌ ဝင့်ဝင့်ကြွားကြွားကြီးတည်ရှိလျက်။

"ပတ်ဂျီမင် ရလား"

ဝေါယာဉ်နဲ့နေသားမကျသူပီပီ လမ်းမှာတစ်ခါဆင်းအန်ခဲ့ရသေးသောကြောင့် အချိန်လင့်သလို လူကလည်း ပင်ပန်းလွန်းနေသည်။

အိမ်နဲ့နန်းတော်ကဝေးတယ်လို့မဆိုသာသလို နီးတယ်လည်းမဟုတ်။ကျယ်ဝန်းလှတဲ့ သူတို့မြို့တော်ရဲ့အရှေ့ဘက်မှာ နန်းတော်တည်ရှိပြီး သူ့တို့အိမ်ဟာ မြို့တော် အနောက်ဘက်ခြမ်းကိုရောက်တာကြောင့် လှမ်းတော့လှမ်းသည်။

ဘာတွေဘယ်လိုပဲဖြစ်နေနေ သူမင်းကြီးကို အားနာရသည်။သူ့ကြောင့်နဲ့ စောရောက်ပြီးအနားယူရမည့်ချိန်တွေ လင့်ခဲ့လေပြီမလား။

"သားလေး နောက်ကျလိုက်တာ မေမေက စာပါးလိုက်တည်းက မျှော်နေရတာ"
အိမ်ရှေ့တစပ်မိတ်ကနေရာလေးမှာ စောင့်နေသော အမေက ထိုသို့ဆိုတော့ သူ့မှာပြုံးပြရန်အပြင်တပါးမရှိ။

"ဟုတ်  ကျွန်တော့်ကြောင့် နောက်ကျသွားတာဟီး...."

မိခင်က သူ့နောက်မှာရပ်နေတဲ့ မင်းကြီးကို မြင်တော့ ဂါရဝ​​ပြု နှုတ်ဆက်ကာ အိမ်ထဲဝင်ရန်ခေါ်သည်။

"အရှင်မင်းကြီး ကျန်းမာပါရဲ့လား အိမ်ထဲ ဝင်ပြီး နားနားနေနေနေပါ....နေ့လည်ချိန်လည်း ရောက်နေပြီဆိုတော့ စားတော်ပဲွဲပြင်လိုက်တော့မယ်နော်"

အမေဖြစ်သူ က နန်းတွင်းစကားတွေနှင့် စိမ်းသော်ငြား အတတ်နိုင်ဆုံးကြိုးစားဧည့်ခံပေသည်။

ခေါင်းတစ်ချက်သာ ငြိမ့်ပြပြီး ပတ်ဝန်းကျင်ကို စူးစမ်းသလို ကြည့်နေတာကြောင့် အမေ့ကိုတော့ ပြင်ဆင်စရာရှိတာတွေအတွက်သာ အာရုံစိုက်စေပြီး သူကသာ ဧည့်ခန်းဆီ ဉီးဆောင်ခေါ်ခဲ့သည်။

"မင်းကြီး ဒီမှာ ထိုင်လို့အဆင်ပြေလောက်မယ်မလား။"

"အွန်း"
ဧည့်ခန်းအလယ်က စားပွဲခုံရှိရာကြမ်းပြင်တွင် ခင်းကျင်းပေးထားသည့် အမွှေးနုဖျာလေးကိုသာ နေရာပေးနိုင်တာမို့ အားတော့နာရပါသည်။

The king's pride || Complete ||Onde histórias criam vida. Descubra agora