နှစ်ရက်ဆိုသော အချိန်တွေသည် လွန်စွာတိုတောင်းပါသည်ဟု မည်သူပြောခဲ့သလဲ။ ငရဲတမျှသော အချိန်တွေအား ခံစားနေရသူသည် ထိုစကားကို လွယ်လင့်တကူနဲ့ လက်ခံနိုင်ရမည်လား။
မည်သည့်ကောလဟာလပင် ထွက်မလာသေးတာကြောင့် တိတ်ဆိတ်စွာ စုံစမ်းခိုင်းထားတာကပင် အချိန်ကြာလွန်းနေသလို အပူမီးနဲ့အတူ လည်တဆန့်ဆန့်ဖြစ်စေသည်။ သက်ရှိထင်ရှားတော့ ရှိနေပါစေဟု မျှော်လင့်ချက်တွေကို ဆုတောင်းအဖြစ်နဲ့ အသွင်းပြောင်းနေခဲ့ရသော်လည်း ရင်ဘတ်ထဲက လေးလေးလံလံအရာတွေဟာ ပြေပျောက်သွားတယ်ရယ်လို့ မရှိ။
"မင်းကြီး...ကျွန်တော် နမ်ဂျွန်းပါ။"
အတွေ့မခံခဲ့ဖူးဘူး ဒီနှစ်ရက်အတွင်း ကိုယ်ရံတော် နမ်ဂျွန်းမှအပ အဖွားနဲ့အမကိုတောင် သူအတွေ့မခံခဲ့ပါ။
အပြစ်ပေးရမှာပေါ့ ကလေးဟာ ရှိနေသေးရဲ့လား မသေချာနေတဲ့ အချိန်မှာ သူက ဘယ်လိုစိတ်နဲ့များ အဖွားတော်ရဲ့ ရင်ခွင်ထဲ ခိုလှုံပြီး နောင်တရပြကာ နှစ်သိမ့်မှုကို ခံယူရမည်တဲ့လား။ တရားတယ်လို့ကို သူကိုယ်၌က လုံးလုံးမထင်။ဒါဟာ သူခံယူသင့်တဲ့ အပြစ်အနည်းငယ်လေးပင် ရှိပါသေးသည်။
ခုတော့ သူ့ပတ်ဝန်းကျင်ဟာ အလင်းမဲ့နေပြီး ခပ်စူးစူးအန့ံတွေနဲ့ အခိုးအငွေ့တွေသည်သာ တထောင်းထောင်း။ ကိုယ်ဘာသာကို နှိပ်စက်လွန်းနေတာရယ်လို့ ခေါင်းစဉ်တတ်နေပေမယ့် ဒါတွေကပဲ နှစ်သိမ့်ပေးနေသလို ခံစားမိနေပြန်တော့ အငွေ့အဖြစ်သာ အသွင်ပြောင်းသွားချင်မိသည်။
သို့သော် တစ်ခုတည်းသော ဆုတောင်းလေးဟာတော့ ပြည့်ပေးမှ ရပါလိမ့်မည်။
"ဝင်ခဲ့"
အမိန့်သံအဆုံး ဝင်လာခဲ့တဲ့ နမ်ဂျွန်းသည် အပြင်ဘက်က ထိုးနေတဲ့ ဘုရင့်မျက်နှာပေါ်က နေပျောက်ကြောင့်သာ အခန်းထဲရှိနေသော အထီးကျန်မှုကို မပီမသမြင်တွေ့နေရသည်။ပြောလိုက်လို့ ဖြစ်ပါ့မလား မသိသော်လည်း အမှန်တရားဆိုတာ ပျောက်ကွယ်နိုင်လည်း ခဏရယ်မို့ ဘုရင့်နှလုံးသားမှာ တွယ်နေတဲ့ အမြစ်တစ်ခုအား ခုချိန်တည်းက ဖြတ်တောက်ပစ်နိုင်ဖို့ သူပါဝင်ကူညီမှသာ ရပါလိမ့်မည်။
ESTÁS LEYENDO
The king's pride || Complete ||
Fanfictionမာနတို့ အတ္တတို့ဆိုတာ ကိုယ်စီ ရှိကြမှာပဲမို့ ကျွန်တော် ဘုရင့်အား ထွေထူးစွာ မုန်းလို့ မရခဲ့ပါ။ Age limited အနည်းငယ်ပါဝင်သည်။ Main characters >jikook & vope< Unicode+Zawgyi Started date - Sep 16 2021 Ended date- April 10 2022
