နှင်းမိုးတွေ ရွာနေတဲ့ ဒီတိုင်းပြည်ဟာ တကယ်ကိုမှ နွေးထွေးမှုကင်းစွာ အေးစက်လျက်။ ဒီနေ့ ဒီခြေလှမ်းတွေကို မုန်းသောကြောင့်လည်း နောက်ထပ်ဘယ်သောအခါမှ သူ ထပ်တူညီမှုကို ပြုမည်မဟုတ်။
ခုလိုနေ့မျိုးကျမှ လမ်းတွေဟာ တိုတောင်းနေပြီး အချိန်တွေက နှေးလွန်းနေသလို။ငါသည်လည်းနောင်တမရှိစေရဘူးလို့ သံဓိဌာန် ချထားတဲ့အလုပ်မှာ ပတ်ဂျီမင် မင်းကသာ ယုတ်မာသူလို့ စွဲချက်တင်ခဲ့ရင်တော့ သေချာတယ် ငါ နောင်တရမိမှာ။
မမြင်ပါဘူး မင်းအပေါ်မှာပဲရှိတဲ့ ငါ့ခံစားချက် ပေါင်းစုံကို။ ငါဟာ ခက်ထန်တယ်ဆိုတာ မှန်တယ် မင်းမမြင်တဲ့ဘက်ခြမ်းမှာ ငါဟာ ခံစားချက်နဲ့ပက်သက်ရင် ပျော့ည့ံလွန်းတဲ့သူ ဒါကြောင့်ကို ငါဟာ ကြမ်းတမ်းနေခဲ့တာ။
ပန်းတွေကို မင်းချစ်တာ ငါမသိခဲ့ပေမယ့် တရှိုက်မက်မက်နမ်းရှိုက်ပြတဲ့ နေ့ကစလို့ မျက်နှာချင်းမဆိုင်ချင်အောင်ကို မုန်းတဲ့ မျိုးရိုးက သူရဲ့ပန်းတွေနဲ့ ရောပြီး ပေးခဲ့တာတွေမှာ ငါဟာ မင်းနဲ့ပက်သက်ရင် အလိုလို သေးငယ်နေသလို ခံစားရလို့။
ဒီနေ့လို တခြားတစ်ယောက်ဆီကို နှင်ထုတ်နေတာက ငါ့ဘဝအတွက် အတုန်လှုပ်ဆုံးအရာတစ်ခုဆိုတာ ငါသာလျှင် အသိဆုံး။
မင်းက သွားချင်နေလို့ ငါ့ကို တွန်းကန်နေတာမလား ပတ်ဂျီမင်.... မင်းကသာ လှောင်ချိုင့်တွေထဲက ရုန်းထွက်ချင်နေတာပါ။ မရစေရဘူး ငါပြောပြီးသား မင်းနေရာမှန်က ငါ့အချုပ်အနှောင်တွေလို့။အဲ့လိုပဲ ငါ့ကိုယ်ငါလည်း ဘယ်သူတစ်ဉီးတစ်ယောက်ဆီကိုမှ အတိမ်းစောင်းခံမှာမဟုတ်ဘူး ဒီဘုရင်ကိုလည်း ပတ်ဂျီမင်သာလျှင် ပိုင်ဆိုင်ရမည်။
ေခြ ချမိတဲ့ နန်းဆောင်တွင်းမှာ အမွှေးန့ံသာတို့ဟာ ကြိုင်လှိုင်လျက်ရှိပြီး မသတီစရာ မြင်ကွင်းဟာလည်း အဆင်သင့်စောင့်နေ၏။
အပြုံးတွေကမုန်းစရာ ဒီ့ထက်ဆိုးတာက နောက်ကွယ်ကနေ သူ့မယ်တော်ကို လိုသလိုကြိုးကိုင်နေရတဲ့ အောင်နိုင်သူလိုအပြုံးမျိုး။ မင်းဘဝပျက်မှာကို စောင့်နေတာလား ဒီအပြုံးတုတွေနဲ့လေ ငါလည်း ထက်တူစောင့်မျှော်နေမယ်။

VOUS LISEZ
The king's pride || Complete ||
Fanfictionမာနတို့ အတ္တတို့ဆိုတာ ကိုယ်စီ ရှိကြမှာပဲမို့ ကျွန်တော် ဘုရင့်အား ထွေထူးစွာ မုန်းလို့ မရခဲ့ပါ။ Age limited အနည်းငယ်ပါဝင်သည်။ Main characters >jikook & vope< Unicode+Zawgyi Started date - Sep 16 2021 Ended date- April 10 2022