အတွေ့ပင် မခံဘူးတဲ့
အတင်းအကြပ်တွေ လုပ်ဖို့အတွေးတွေ မရှိတော့ပါဘူး။အစတည်းက ကြောက်အောင်သာ မုသားသုံးလိုက်ရတာ ကြောက်ရွံ့နေမှာမျိုးကိုလည်း မခံယူချင်။
နန်းဆောင်ရှေ့က ခေါင်းငိုက်စိုက်နဲ့ရပ်နေသူသည် ရင်ထဲက မချိတင်ကဲဖြစ်နေရကြောင်းကို ဘယ်သူက မြင်ပေးနိုင်မည်လဲ။
ပတ်ဂျီမင်ဆိုတာကိုပဲ ပါးစပ်ကမချခဲ့တဲ့ သူ့မှာ အတွင်းစိတ်ထဲ တစ်ချိန်က ကလေးလေးဟာ ကိန်းအောင်မြဲသာ။ ဒါတွေကို ခဏလောက် အရောင်မှိန်မှိန်ရှိစေခဲ့တာဟာ အနာဂတ်တွေ မရေမရာရယ်ကြောင့်။
အမိန့်တွေ၊ဖီဆန်မှုတွေကြားမှာ နုနုနယ်နယ်လေးကို မြေစာပင် အဖြစ်မခံနိုင်တာက မြောက်မြားစွာ ပါသည်။အနစ်မွန်းမခံစေချင်တဲ့စိတ်တွေ ကိန်းအောင်းနေခဲ့သည်။
ပြီးတော့ အရာရာကို ကျော်လွှားနိုင်ဖို့ဆိုတာ ကြမ်းတမ်းမှုတွေ၊မာကြောနိုင်မှုတွေနဲ့မှ ဖြစ်နိုင်မယ်လို့ ကိုယ်တော် ထင်ခဲ့မိလို့ပါ။
"ကလေးလေး...."
နှုတ်တိုက်စကားက အတိတ်ရော၊ပစ္စုပ္ပန်ရောမှ ကလေးလေးအတွက် ခံစားချက်တွေ ရောနှောပါပါလိမ့်မည်။
"ကျွန်တော် တစ်ယောက်တည်း နေချင်တယ်။ကျွန်တော် ခင်ဗျားကို မုန်းချင်တယ်။"
ထုတ်ဖော်လို့မရတဲ့ လျှို့ဝှက်ခြင်းတွေကို ကိုယ်မျိုသိပ်ထားပေးနေတာက မုန်းဖို့ ဒီလောက်တောင်ပဲ ထိုက်တန်သလား။
သူရှိနေတဲ့ ကမ္ဘာသာမက သူမပါဝင်နိုင်တဲ့ ကမ္ဘာကြီးဟာ ကမောက်ကမ ပါပဲ။
"ကိုယ်တော် မနက်ဖြန်လာခဲ့မယ်။"
"ဟင့်အင်း မလာနဲ့။"
နံရံခပ်ပါးပါး ခြားနေသည့်တိုင် သူ့စိုးရိမ်သောကတွေကို ဒီကလေးလေး ခံစားမိနိုင်မှာ မလွဲ။
"ကိုယ်တော် သွားတော့မယ် အိပ်မက်တွေ လှပါစေ။"
ဟက်... အိပ်မက်တွေ လှပါစေတဲ့လား။ဒီလို အိပ်မက်ဆိုးတွေ ပေးတာ ဘယ်သူလဲ အရှင်။အကြောင်းပြချက် ရေရေရာရာမပေးဘဲ ချုပ်နှောင်နေတာတွေက ရက်ရက်စက်စက် အမိန့်ချဖို့လား။
KAMU SEDANG MEMBACA
The king's pride || Complete ||
Fiksi Penggemarမာနတို့ အတ္တတို့ဆိုတာ ကိုယ်စီ ရှိကြမှာပဲမို့ ကျွန်တော် ဘုရင့်အား ထွေထူးစွာ မုန်းလို့ မရခဲ့ပါ။ Age limited အနည်းငယ်ပါဝင်သည်။ Main characters >jikook & vope< Unicode+Zawgyi Started date - Sep 16 2021 Ended date- April 10 2022
