အပို်င်း၃၁ Unicode

836 102 5
                                    

စျေးသို့ သွားတဲ့ လမ်းကျဉ်းလေးထဲ ကင်ထယ်ယောင်းသည် အချစ်ခံလေး၏ လက်ကလေးအား ဆုပ်ကိုင်ထားရ၍ တစ်လျှောက်လုံး အပြုံးတွေသည် မရပ်တန့်နိုင်စွာ။သူပြုံးနေတာကို မမြင်ချင်ယောင်ဆောင်နေတဲ့ ဟျောင်းကတော့ မနေတတ်သလိုနဲ့ ဘေးဘီဝဲယာက သဘာဝအတိုင်း ပေါက်ရောက်နေတဲ့ အိမ်ခြံစည်းရိုးရှိ အပင်တို့အား လက်ချောင်းတို့နှင့် ထိကိုင်ကာ ဟိုပြောဒီပြောနဲ့ အရှက်ဖြေနေသည်။

လွတ်လွတ်လပ်လပ်ပါပဲ ကင်ထယ်ယောင်းဆိုတာ နာမည်တူမရှားသလို မျက်နှာကို တရင်းတနှီးသိသူတို့သည်လည်း လူဂုဏ်ထံတို့သာ ရှိတာမို့ ထောင့်ကျကျရွာလေးမှာဆိုရင် အခြေခံလူတန်းစားတို့၏ လက်ရာကောင်းကောင်း အပ်ချုပ်ဆရာထက် မပိုခဲ့။

အချိန်တွေက တရွေ့ရွေ့ကုန်ဆုံးလာတဲ့အခါ အသစ်သစ်သော တိုင်းရေးပြည်ရေးတို့သာ လူတိုင်း၏ နှုတ်ဖျားတွင် စွဲကပ်နေကြပြီး ဟျောင်းရဲ ့ စီရင်ခံရခြင်း အမှု အပေါ်တွင်လည်း အမှုမဲ့အမှတ်မဲ့သာမို့ သူတို့နှစ်ဉီး လွတ်လပ်နေရပါသည်။

"ပြုံးနေတာရပ်တော့ မျက်နှာပိုးက အသက်ကြီးနေတာတောင် မသေနိုင်သေးဘူး။"
ဘယ်လိုမှကို မမြင်ချင်ဟန် ဆောင်မရတော့လို့ထင် ထုံးစံအတိုင်း ဟျောင်းဟာ ဘုနဲ့ဘောက် ပြောလာသည်။ ပြီးတော့ လက်ကိုလည်း ရုန်းနေသေး။

"ပျော်လို့ ပြုံးတာပဲလေ ဟျောင်းရာ...."

"အေး အဲ့မှာ သေအောင် ပြုံးနေ။"
စိတ်ကောက်သွားတဲ့ ဂျစ်တူးလေးသည်စျေးအဝင်ပေါက်သို့ ကမူးရူးထိုးနဲ့ သွားကာ ပိတ်စဆိုင်နား သွားရပ်နေတော့သည်။

"ဟျောင်း ဘာလိုချင်လို့လဲ ရွေးလေ "

"ရတယ် မလိုချင်ပါဘူး မင်းသာ အပ်ထားတာတွေအတွက် သွားရွေးရမှာမလား ငါ ဆိုင်ပြင်ကပဲ စောင့်နေမယ်။ အေးဆေးသွားရွေးသွား။"
ကိုယ့်အသက်မွေးဝမ်းကျောင်းအတွက် အလုပ်လုပ်နေရတာတောင် လက်တကိုင်ကိုင်နဲ့ အပူးလိုက်ကြီးမှ ဖြစ်မယ့် ကင်ထယ်ယောင်းကို ဟိုဆော့ ပုခုံးအား အားပါပါတွန်းပြီး ဆိုင်ထဲ ဝင်ခိုင်းလိုက်သည်။ ချစ်မှန်းတော့ သိပေမယ့် ဒီလောက်ကြီးကတော့ ပိုကိုပိုပါတယ်။

The king's pride || Complete ||Where stories live. Discover now