အပိုင်း ၁

3.7K 233 35
                                    

ညီလာခံအတွင်း အမတ်တို့ဟာ တီးတိုးသံများဖြင့် လှည့်လည်ပြောဆိုနေကာ ပုလ္လိုင်ထက်ရှိ ပုဂ္ဂိုလ်ထံ ရောက်ရှိလာသည့် စကားတို့မှာတော့ဖြင့် ရွံရှာခြင်းလည်းပါဝင်နိုင်သလို ကြောက်ရွံ့ခြင်းတွေလည်း ပျော်ဝင်နေပေလိမ့်မည်။

"စိုးရွံ့မိပါတယ် ဒီအမိန့်တော်ကို ရုတ်သိမ်းပေးတော်မူပါ မင်းကြီး
ယောင်္ကျား တစ်ယောက်ကို ကိုယ်လုပ်တော် ခန့်အပ်တာဟာ မသင့်တော်ကြောင်းပါ "
ရာထူး​​မြင့်လှသည့်အမတ်တစ်ဉီးက ရှေ့က ဉီးဆောင်ပြောပြီးသည်နှင့် နောက်မှအမတ်တို့ကပါ သံယောင် လိုက်ပေးကြသည်။

"ရုတ်သိမ်းပေးတော်မူပါ ဘုရား"
မျက်ခုံးမည်းနက်နက်တို့ဟာ ခပ်ထူထူရှိပြီး အစွမ်းကုန် တွန့်ချိုးထားသည်။ထိုအရာတွေနဲ့ မအပ်စပ်လှသူက နှုတ်ခမ်းပါး ခပ်နီနီနှင့်။ မဲ့ပြုံးလို့မဆိုသာပေမယ့် လှောင်ပြောင်ခြင်းတို့တော့ ရှိလိမ့်မယ် ဒါတွေဟာ ထိုအမတ်တွေနဲ့ ထိုက်တန်သည်ပဲ မဟုတ်လား။

သူဆီက အငြင်းဝါကျသာ ထွက်လာမည်ကို မသိလေရော့။ သူရှေ့တိုးချင်ရင် နောက်ပါးဆီက ထောင်သောင်းမကသော လူတွေဝိုင်းဆွဲထားကြလျှင်တောင် သူကတော့ ဆက်ကာဆက်ကာတစ်လှမ်းချင်းကို တိုးနေအုန်းမည်။ ​

ထို့​ကြောင့် သူသည် ထိုသို့ထိုသို့ ပြတ်သားပြရလိမ့်မည်။

လွှမ်းမိုးအမှုအပေါင်းသည် သူ့ဘဝတစ်လျှောက်ပြည့်နှက်ခဲ့ပြီးပြီ။ဘုရင်ဖြစ်လင့်ကစား သူတစ်ပါးရဲ့အလိုကို မျှော်လင့်ချက်တွေအပြည့်နဲ့လိုက်လျောဖူးခဲ့လို့ သူ့ဘဝဟာ အချုပ်အနှောင်တွေ များခဲ့ပြီးပြီ။ခုတော့ ကိုယ်သာပိုင်တဲ့ကိုယ့်ဘဝကို ကိုယ်တိုင်သာ ခြယ်လှယ်ပါမယ်။

"ကိုယ်တော်က ချမှတ်ပြီးသား အမိန့်တော်ကို မရုတ်သိမ်းတတ်တာသိမယ်လို့ မျှော်လင့်ပါတယ်"
ထိုသို့သာ ပြတ်ပြတ်သားသား အမိန့်ချကာ ညီလာခံရုံးတော်မှ ဘုရင့်နန်းဆောင်သို့ ကြွချီခဲ့တော့သည်။
ညီလာခံထဲတွင်တော့ ဆူညံပွက်လောရိုက်ကာ ကျန်ခဲ့လေသည်။

ပြတ်သားတတ်လျှင် အရာရာဟာနိုင်ကွက်ချည်းပါပဲ သို့သော် သူဝေခွဲမရဖြစ်သည့် သံယောဇဉ်အနှောင်အတွယ်သည်လည်း ရှိနေသေးသည်။
မယ်တော် သူမယ်တော့်ကို ချစ်သည်၊မုန်းလည်းမုန်းသည်။ထို့ကြောင့် ထိုသူနှင့်ပက်သက်လျှင် မပြတ်သားနိုင်စွာ သူ့ဘဝကိုလည်း သူမနှစ်မြို့တဲ့မျိုးရိုးထံ အပ်နှင်းခဲ့ရဖူးသည်။

The king's pride || Complete ||Où les histoires vivent. Découvrez maintenant