"ဟျောင်း ပြောတာကို ကျွန်တော်လက်ခံပေးမယ် ဟျောင်း။"
မထင်မှတ်စွာ ကြားလိုက်ရတဲ့စကားကြောင့် ဟိုဆော့ ခြေမကိုင်မိလက်မကိုင်မိ ဖြစ်လျက် သူ့ကိုယ်သူပို အပြစ်မြင်မိသည်။"ဂျီမင်လေး ဟျောင်းတောင်းပန်ပါတယ် ဟျောင်း အတ္တကြီးသလို ဖြစ်နေတယ် ဆိုတာ သိပေမယ့် နောက်ပြန်ဆုတ်ရင်လည်း ရူးဖို့လမ်းပဲ ရှိတော့လို့ပါ"
"မဟုတ်တာပဲ ဟျောင်း ဘုရင်က လက်ခံပေးရင် ရပြီမလား ဒီညအမှီ ကျွန်တော်ပြောပေးမယ်။"
အင်း...သူက တဖက်သတ်ဆန်သွားပြီဆိုတာ သိပါတယ်။သူ့အတွက် အရေးပါတဲ့ လူတစ်ဉီးအတွက် သူ့ရဲ့အရင်းတမျှသော ညီတစ်ဉီးကို ကိုယ့်အတွက်ကိုယ်ပဲ ကြည့်ပြီး မျက်နှာပြောင်တိုက်စွာ တောင်းဆိုပစ်လိုက်သည်။
ရင်ထဲကတော့ တကယ်မပါတာပါ။ ဂျီမင်လေး ဘုရင်ကို ဘယ်လောက်ချစ်သလဲ သူသိတာဟာ လိုပင်လိုနေပါသေးသည်။ ဘာမှတောင် မစဉ်းစားဘဲ လက်ခံလိုက်တာကိုတောင် အ့ံဩနေရတာ။
"ဒါဆို ဟျောင်း ဒီမှာပဲ စောင့်နေပါ။ကျွန်တော် ဘုရင့် နန်းဆောင်ကို သွားပေးမယ်။"
အခန်းထဲမှာပဲ အေးရာအေးကြောင်း ေနနေရသူသည် တပါးသူကြောင့် အောက်ကျို့ကာ ဒူးထောက်ရတော့မည်လား။ ဘုရင် ဆိုသူက ဒီကိစ္စကို လက်မခံနိုင်ဘူးဆိုတာ သူတို့အကုန် သိနေတာလေ။ သိနေလို့ကို မိဖုရားကြီး ကိုယ်တိုင်က သူ့ကို အသက်တစ်ချောင်းနဲ့ အလဲအလှယ်ပြုပြီး တောင်းဆိုခဲ့တာမလား။စဉ်းစားကြည့်လျှင် ဘယ်လိုများ ဖြစ်နိုင်မှာတဲ့လည်း လူတစ်ယောက်က ခံစားချက်ကို အသက်တွေနဲ့ရင်းပြီးကို အလောင်းအစားဆန်စွာ ပြုမူခြင်းဟာ။ဒါပေမယ့်လည်း ဖြစ်နေခဲ့ပြီမလား။
ဟီဘင်းနဲ့ အတူ နေပေးဖို့တဲ့ ရူးမိုက်လိုက်တာ ကိုယ့်ဆီမလာနိုင်အောင် တားမြစ်ခံထားရတဲ့ စိတ်ကို ဘာလို့များမဟုတ်တန်ရာတွေနဲ့ ဆွဲယူကြသလဲ။ ဂင် မျိုးရိုးဆိုတာ မွေးလာတည်းက ဒီလိုတွေနဲ့ပဲ ကြီးပြင်းခဲ့ကြပုံပဲ။ကင်ထယ်ယောင်းကိုပဲ ကြည့် သူ့လုပ်ချင်တာကို ဇွတ်တရွတ်တာလေ တကယ့်ကို တစ်ချိုးတည်းတွေ။
YOU ARE READING
The king's pride || Complete ||
Fanfictionမာနတို့ အတ္တတို့ဆိုတာ ကိုယ်စီ ရှိကြမှာပဲမို့ ကျွန်တော် ဘုရင့်အား ထွေထူးစွာ မုန်းလို့ မရခဲ့ပါ။ Age limited အနည်းငယ်ပါဝင်သည်။ Main characters >jikook & vope< Unicode+Zawgyi Started date - Sep 16 2021 Ended date- April 10 2022