Age limited ပါဝင်သည်
"အရှင်...."
"ကျွတ်...ကျွတ်...အင်း ပတ်ဂျီမင် ပြန်အိပ် ပြန်အိပ် ကိုယ်တော်ဒီမှာရှိတယ်။"
ရင်ဘတ်ဆီမှ တိုးသသအသံလေးကို ချော့မြူနေရတဲ့ ဒီလိုညလေး။
အိပ်မပျော်သူနဲ့အိပ်မက်ကနေ ယောင်ရမ်းနေသူတို့ ညတွေဟာ တိတ်တဆိတ်ပါပဲ။
ခပ်တင်းတင်းပွေ့ဖက်ထားတဲ့အခါ လက်သေးသေးတွေနဲ့ ပြန်ဖက်ပြီး ရင်ဘတ်ထဲ မျက်နှာဖွက်ထားသူရဲ့ ဝင်လေထွက်လေတွေကို ပုံပန်းသဏ္ဍာန်ပျက်နေတဲ့ သူ့ဝတ်ရုံကြောင့် နှုန်းမှန်မှန်နဲ့ ခံစားမိသည်။တစ်ချက်တစ်ချက် ချသွားတတ်တဲ့ သက်ပြင်းပူတွေကိုလည်း သူသိသည်။
အိပ်ပျော်နေတာတောင် ချနေတဲ့သက်ပြင်းတွေဟာ ကိုယ်တော် လိုက်မှတ်မိသည့်အရေအတွက်အရဆို အခေါက်၂၀မကတော့။
ဒီလိုေလတိုးဝင်ဖို့မရှိတဲ့ အနေအထား ပိုင်ဆိုင်နေရတာတောင် ရင်ဘတ်ထဲက ခဲဆွဲထားသလား ထင်မှတ်မိအောင် လေးလံနေသည်။ငါလည်းပဲ အိပ်ပျော်ချင်တယ်ပတ်ဂျီမင် ဒါပေမယ့် မင်းကိုလည်း စိတ်ချမနေဘူး။ငါ့ဆီကို လာခဲ့တဲ့မင်းကို မယုံကြည်ပေးနိုင်ဘဲ ထွက်ပြေးမှာကို ကြောက်မိနေလို့ ခက်ခဲနေရတယ်။
နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ခဲ့တဲ့ညတွေမှာ အိပ်မက်မက်တယ်။မင်းက ငါ့ကို ချစ်ပါတယ်ပြောပြီး အဝေးကြီးကို ပျောက်ကွယ်သွားတာတဲ့။
ငါလိုက်ရှာပါတယ် မင်းလက်ကို ဆွဲဖို့လည်း ကြိုးစားခဲ့တယ် ဆုပ်ကိုင်မိတဲ့ ပုံရိပ်တွေက မြူလိုအမှုန်အမွှားတွေချည်းပဲလေ။ငါအင်အားတွေမဲ့နေချိန်မှာတောင် ပိတ်ဖုံးနေတဲ့မြင်ကွင်းကြား မင်းရှိရာကို မှန်းဆပြီး ရှေ့ဆက်ခဲ့တာ။
ငါတွေ့ခဲ့ပါတယ် မင်းကိုတော့ မဟုတ်ဘူးပေါ့ ငါမက်မောလွန်းတဲ့ ရာဇပုလ္လိုင်နဲ့ဖခမည်းတော် ပေးအပ်ခဲ့တဲ့ ဓားတစ်လက်ကို။ပြီးတော့ ငါအမှောင်တွေမှာ ပိတ်မိပြီး လန့်နိုးလာခဲ့တယ်။
ဘယ်လောက်တောင် အထိတ်တလန့်နဲ့ ရူးမိုက်လွန်းတဲ့ အိပ်မက်ဆိုးကြီးလဲ။
လန့်နိုးလာလို့ တွေ့ရတဲ့ မင်းရဲ့မှိတ်ထားတဲ့မျက်ခွံလေးတွေနဲ့ ညအမှောင်တွေဟာ ငါ့ရဲ့ရင်ဖွင့်ရာတွေ ဖြစ်နေမယ်လို့လည်း မထင်ခဲ့ရိုးအမှန်။
VOUS LISEZ
The king's pride || Complete ||
Fanfictionမာနတို့ အတ္တတို့ဆိုတာ ကိုယ်စီ ရှိကြမှာပဲမို့ ကျွန်တော် ဘုရင့်အား ထွေထူးစွာ မုန်းလို့ မရခဲ့ပါ။ Age limited အနည်းငယ်ပါဝင်သည်။ Main characters >jikook & vope< Unicode+Zawgyi Started date - Sep 16 2021 Ended date- April 10 2022
