အပိုင်း၃၂ Uni

1K 102 18
                                        

သေရည်အိုးတွေ၊ ဆေးပြင်းလိပ်တွေနဲ့ ရှုပ်ပွေနေတဲ့ အခန်းထဲတွင် ဆေးလိပ်ငွေ့တို့ကလည်း မရပ်မဆဲပဲ တလူလူ။ ဗလာဖြစ်ခဲ့တဲ့ ရင်ဘတ်နေရာကဒဏ်ဟာ အချိန်ကြာလျှင် ပျောက်သွားမှာပါမို့ ပြောနေကြပေမယ့် သူကိုယ်တိုင်က လက်မလွှတ်နိုင်သေး၍ တစ်နေ့ထက်တစ်နေ့ တိုးရုံသာရှိသည်။လျော့ရဲဖို့ဆိုတာ ဝေသာဝေး။

တန်ဖိုးဆိုတာ မရှိမှ သိတဲ့သူထဲ ဒီဘုရင်သည် ခေါင်ဆုံးတွင် ရပ်တည်နိုင်ခဲ့သည်။သူလည်း မထင်ထားပါဘူး ဒီလောက်ထိ ပတ်ဂျီမင်အပေါ် ခံစားချက်ဖြစ်နေလိမ့်မယ်လို့။

သိပ်ကို သတိရတယ်။
သိပ်ကို လွမ်းတယ်။
ဒီလိုမျိုးတွေ တွေးတိုင်းသာ ​မင်းပြန်ရောက်လာပေးမယ်ဆို ကိုယ်တို့နှစ်ယောက် ဇာတ်လမ်းဟာ ပျော်ရွှင်စွာ သိမ်းခဲ့တာ ကြာလောက်ပြီ။

လေတိုးပေါက်မရှိ ဂျက်ချထားတဲ့ အခန်းထဲမှာ မင်းကိုယ်သင်းန့ံလေးတွေအစား မသတီစရာ အောင့်သိုးသိုးန့ံတွေက ဖုံးလွှမ်းလာတယ်။ သန့်ရှင်းရအောင်လည်း မည်သူ့ကိုမှ အမိန့်မပေးချင် ဘာလို့ဆို မင်းနဲ့ရှိစဉ်က ပုံရိပ်တွေ ပျောက်ကွယ်သွားမှာ ကြောက်နေမိလို့။ ငါ အဲ့...အဲ့လောက်ထိ ချစ်တာမို့ မဖြစ်နိုင်မှန်းသိလဲ ပြန်လာပေးဖို့ တောင်းဆိုပါတယ်။

ထီးနန်းနဲ့ ကိုင်ပေါက်လည်း လိုလိုလားလားနဲ့ ပေးပစ်လိုက်မှာမို့ အရင်လို ချုပ်နှောင်ခြင်းမျိုးနဲ့ မဟုတ်ဘဲ မြတ်မြတ်နိုးနိုးနဲ့ ကပ်တွယ်သွားပါ့မယ်။

တစ်ခါတစ်ခါ စိတ်ဆိုတာ ထူးဆန်းလွန်းသည်။လောကကြီးထဲမှာ မရှိတော့ပါဘူးလို့ သိထားလျှင်တောင် မသိစိတ်ထဲက ရှင်သန်နေသေးပါသည်ဟူ၍ တောင့်တတတ်ကြသည်။ဒါက စိတ်စွမ်းအင်ပဲလား သို့မဟုတ် နှလုံးသားရဲ့ ဟောကိန်းတစ်ခုလား။

"အဟွတ်...အဟွတ်..."
အခန်းမှောင်ထဲမှာ သူ့ကိုယ်ကို ပုဇွန်ကွေးသဏ္ဍာန် ခွေခေါက်ထားပြီး ချောင်းတွေ အဆတ်မပြတ်ဆိုးနေမိတယ်။ မင်းကို လွမ်းချင်းတွေက ငါ့ခန္ဓာကို ဒုက္ခပေးလာတော့ ကြိတ်ခံလိုက်သည်။

ထို့နောက် မှေးစင်းလာတဲ့ မျက်လုံးတွေကြောင့် နေ့ရယ်ညရယ် ဘာမှန်းမသိဘဲ အိပ်မက်ထဲမှာ တွေ့ဆုံဖို့ ပိတ်ပိတ်မှောင်ခြင်းထဲ တိုးဝင်လိုက်သည်။

The king's pride || Complete ||Où les histoires vivent. Découvrez maintenant