အပိုင်း၂၀ unicode

1K 123 0
                                    

"သား....ဘယ်...ဘယ်လိုဖြစ်လာတာလဲကွယ်"
ချွေးတွေစိုရွှဲနေတဲ့ ဘုရင်ငယ်။ ဝတ်ရုံနက်မှာလည်း ကြိုးပင်မမြဲစွာ ဖရိုဖရဲ။

ဒါ့အပြင် ဘုရင်ငယ်လေးရဲ့လက်တွေနဲ့ ပွေ့ချီခံထားရတဲ့ သူ့သားငယ်ဟာ မျက်လုံးတွေပွင့်မလာသလို ဖြူလျော်လျော်ရယ်။ပိုဆိုးသည်မှာ ညနေတုန်းက သားငယ်ဝတ်သွားသည့် မှိန်ဖျော့ဖျော့ဝတ်ရုံလေးဟာ သစ်ရွက်ခြောက် တချို့ကပ်နေပြီး ကိုယ်ပေါ်တွင် လုံသည်ဆိုရုံသာ လွှမ်းခြုံထားသည်။
ဒီအခြေအနေကို သူမ သိလိုက်ပါပြီ။

"သား...."

"ကျွန်တော်ပဲ ကြည့်ပေးလိုက်မယ် ​ေမ​မေက အိပ်တော့"
ဒါတွေက အပြစ်တွေကိုပဲ ဖုံးချင်လို့လား။သို့မဟုတ် အခြေအနေကို ရိပ်စားမိမှာ မလိုလားလို့လား။မေးခွန်းတစ်ခုဆီ၏ အဓိပ္ပါယ်တွေဟာ ကဲွဲပြားမလိုနဲ့ တူနေလိမ့်မယ်။

"ဟုတ်ပါပြီ မေ့သားငယ်ကို အပ်ခဲ့မယ်နော်"
မိခင်တစ်ယောက်အနေဖြင့်ကြည့်လျှင် ​လုပ်ပေးနိုင်သည့် အဖြစ်ဟာ များစွာရှိနေသော်ငြား သူမကတော့ ဆုတ်ခွာပေးမိသည်။သားငယ် နာကျင်နေတာ သိသည် သူမသိသလို ဘုရင်ငယ်လည်း သိပါလိမ့်မည်။

ထိုအခါ စာနာတတ်သွားစေရန် တောင်းဆုပြုသည်။သတိမရှိတော့စွာ အိပ်ပျော်နေခြင်းတဝက်နဲ့  သားငယ်ကို ဘုရင်ငယ် အစွမ်းကုန်ယုယပေးဖို့ရာ ကောင်းပါသည်။

...........

အဆင်သင့်ရှိတဲ့ အိပ်ယာခင်းပေါ် အသာချပေးမည်ပြင်ပြီးမှ ကျောပြင်က သွေးတွေရှိနေမှန်း သတိရတာကြောင့် သူ့ကိုယ်ပေါ် ပတ်ဂျီမင်ကို မျက်နှာမူကာ မှီစေသည်။သတိလည်မလာသူကတော့ လျော့တိလျော့ရဲဖြင့် သူပြုသမျှအား မည်သည်ကိုမျှမသိ လိုရာလိုက်လေသည်။

ပွေ့ချီထားစဉ်တည်းက ကြိုပြင်ဆင်ထားတဲ့ ရေပုံးနဲ့ပုဝါကို လက်တစ်ဖက်ဖြင့် ဆွဲယူလိုက်သည်။ဒီလိုဖြစ်အောင် ပြုမူတာသူပေမို့ အစအဆုံးကို သူတစ်ဉီးပဲ တာဝန်ယူမည်။

​လွှားခြုံပေးထားတဲ့ ဝတ်စုံကို ဆွဲခွာတော့ ဗလာကျင်းကိုယ်လေးတစ်ခု။အသားနုနုတွေပေါ်မှာ ချင်းချင်းနီနေတဲ့ သွေးတွေကတော့ အကျည်းတန်လွန်းသည်။

The king's pride || Complete ||Where stories live. Discover now