အပိုင်း၇ uni

1.2K 169 24
                                    

တိမ်ဖုံးနေသောလ​ခြမ်း သည် ပတ်ဝန်းကျင်တစ်ခွင်ကို ပြတ်သားစွာ မြင်ခွင့်ပေးနိုင်လောက်သည်ထိတော့ လင်းထင်းမနေ။

သာမနေသော လရောင်ကြောင့် ကြယ်တစ်ပြောက်နှစ်ပြောက်က အာရုံစူးစိုက်ကာ ကြည့်စရာမလို မှိတ်တုတ်မှိတ်တုတ်နှင့် သူတို့၏ ပွင့်လင်းမှုမရှိသော အလှကို ကောင်းကင်တစ်ခွင်ပုံဖော်နေသည်။

အသက်ဝင်နေသော ကောင်းကင်အောက်တွင်တော့ လေတဖြူးဖြူးတိုက်သံသည် ငြိမ့်ညောင်းသံစဉ်လိုပေါ်ထွက်လာပြီး သစ်ရွက်တို့၏ ရိုက်ခတ်သံသည် ထိုငြိမ့်ညောင်းသံစဉ်ကို ပံပိုးပေးနေသည်က နွေဉီးညချမ်းတစ်ခု။

ရင်ခုန်သံတစ်ခုမှာ ကောင်းကင်ကြီးရဲ့ရင်ခွင်ခန်းငယ်ရှိရာမှ ထွက်ပေါ်လာခဲ့သည်က မှောင်ဆန်သော တေးသွားတစ်ပုဒ်လို။

မီးခွက်ပေါ်ရှိယိမ်းနွဲ့နေတဲ့ အလင်းရောင်မှိန်ဖျော့ဖျော့သည် စောင့်စားနေသူ၏ ဒူးတွင်ပိုက်ထားသော လက်တွေကို ပိုမိုတင်းကြပ်စေသည်။

အဖြူရောင်လူသားလေး၏နှလုံးသားလေးသည် လှုပ်ခတ်နေသည့် ရင်ခုန်သံကြား အနီရင့်ရောင် ဖြစ်နေပြီ။

ထိုကောင်လေး မျက်လုံးတွေကိုလည်း တင်းတင်းမှိတ်ထားသလို နှုတ်ခမ်းထူထူကိုလည်း ဖိကပ်ထားသည်။ဒါသည် ရင်ခုန်သံကို တွန်းလှန်နေခြင်း။

*******warning *******

စူးရှဝိုင်းစက်သည့် မျက်ဝန်းပိုင်ရှင်သည် ကြွရွသော ခြေလှမ်းတွေနှင့် သတ်မှတ်နေရာကို ဉီးတည်သွားနေသည်။မျက်လုံးထောင့်နားမှ မြင်နေရတဲ့ အရိပ်တစ်ခုကြောင့် သူ့နှုတ်ခမ်းတွေက ပြုံးဖို့လည်းမမေ့။

တွန်းချတဲ့ချောက်နက်ထဲ အတွန်းခံရသူသည် ကျ မသွားပဲ လက်ပိုင်ရှင်ကပဲ သတိမေ့လျော့စွာ အမှတ်မထင် ခုန်ဆင်းသွားခဲ့သည်လေ။သူသည် တွန်းတိုင်း ယိုင်တတ်သည့် လူစားမျိုးမဟုတ်။

အသိစိတ်တစ်ခုကပ်လာသည့်အခါဝယ်  နန်းဆောင်ရှေ့ရောက်နှင့်နေပြီဖြစ်သည်။ခြေလှမ်းတို့သည်လည်း သူမဟုတ်သလို တုန့်ဆိုင်းနေလေသည်။

မဖြစ်သေးပါ ဒီလိုမျိုးတွေသည် သူ မဟုတ် သတ်မှတ်ပြီးသား ဆုံးဖြတ်ပြီးသားကို ပြင်ရိုးထုံးစံဆိုတာ သူ့ရာဇဝင်ဝယ် မရှိ။

The king's pride || Complete ||Hikayelerin yaşadığı yer. Şimdi keşfedin