အပိုင်း၃ Uni

1.4K 181 37
                                    

"မင်းကြီး... ကြွချီလာပါတယ် မယ်မယ်"

"ဝင်လာခိုင်းလိုက်"
ဒီလေသံသည် စိတ်ဆိုးနေတယ်ဆိုတာ ပြသနေသလားပင်....

စိုးရိမ်စရာ ကိစ္စရပ်တော့ မဟုတ် ကိုယ်တော်ဆုံးဖြတ်ခဲ့တာကလည်း မဟုတ်မှမဟုတ်ပဲ

"ဂါဝရပြုပါတယ် မယ်မယ်"

"ထိုင်...."
တခြားသူတွေအတွက် ဒီလိုပြတ်တောင်းတောင်းအသံသည် နှလုံးရပ်မတပ်ဖြစ်နိုင်ပါသော်လည်း ကို်ယ်တော်ကတော့ ပြုံးပြုံးပါပဲ ဒီအပြုံးသည် ပုလ္လင်ထက်သူ​နေရာယူစတည်းက ကျင့်ယူထားခဲ့ခြင်း။

"လုပ်ရပ်က မှန်တယ်လို့ မင်းထင်တာလား"
ဖွားတော် ဘာကို ဆိုလိုတယ်ဆိုတာ သိပြီးသားမို့

"မမှားတာတော့အမှန်ပါ...မယ်မယ်"

"မြေး...မင်းဘယ်လိုစိတ်မျိုးနဲ့များ ဘုရင်သိက္ခာကို မကြည့်ဘဲ ဒီလိုကျွန်သာသာကို ကိုယ်လုပ်တော် ခန့်ခဲ့တာလဲ။"

"မြေးတော်လည်း တိတိကျကျမသိပေမယ့် တဒင်္ဂလေးတော့ သာယာကြည့်ချင်လို့ပါ ဖွားတော် "
သူက အဘွားနဲ့ဆို အရှိကိုအရှိတိုင်းပဲပြောသည်။ဖြစ်ချင်တာကိုလည်း လက်ခံလာအောင်ကို ပြောသည်။တကယ်လည်း ဖြစ်မလာတာ မရှိ။

"အင်း....ပြီးတာပဲ သာယာပါ သာယာပြီးရင်တော့ စွန့်လွှတ်ဖို့ တွန့်ဆုတ်မနေပါနဲ့မြေး"
အဖွားဟာလည်း ခပ်ပြတ်ပြတ်မိန်းမတစ်ယောက်ပေ။

"မဖြစ်စေရပါဘူး....."
သူ့ဘဝမှာ တွန့်ဆုတ်တယ်ဆိုတာ ဘုရင်​ဖြစ်တည်းက ထွက်ပြေးသွားခဲ့ပြီ

"ဒါနဲ့ စုံစမ်းခိုင်းထားတာတွေကရော အကြောင်းထူးသေးလား။"

"ဘာမှတော့ သူတို့ဘက်က လှုပ်ရှားနိုင်မှာ မဟုတ်သေးဘူး အဖွား"

"သူတို့ဆိုတာကလည်း တော်ယုံတန်ယုံမဟုတ်တာ မင်းရော ငါရောအသိပဲ မြေး"

"ကျွန်တော် သိပါတယ် ဒီလိုတွေလုပ်နေတည်းက တော်ယုံသတ္တိတော့မဟုတ်တာ။"

"ဒါဆို ဖွားတော်အနားယူတော့မယ်"
ဖွားတော်သည် ၇၀ ကျော်ပြီမို့ အနားယူဖို့လိုအပ်သည်လေ။

"ဟုတ် အဖွား ကျွန်တော် သွားလိုက်ပါအုံးမယ်"

"အင်း...ဒါနဲ့ မိဖုရားကို သွားတွေ့ဖြစ်သေးလား"

The king's pride || Complete ||Onde histórias criam vida. Descubra agora