အပိုင်း၁၃ Zawgyi

365 22 4
                                        

ထယ်ယောင်း ထင်းခွဲနေရတာ ချွေးဒီးဒီးကျနေလေပြီ ဟျောင်းတို့နဲ့အတူနေလာတာ ၄ရက်ပင် ရှိပြီမို့ အသားကျနေပေမယ့် နေ့စဉ်ရက်ဆက် အလုပ်ကြမ်းတွေချည်း လုပ်နေရတော့ လက်က အသားမာတွေပင် ခဏလေးနဲ့တက်လာပြီ။

ဒါပေမယ့် မပင်ပန်းပါဘူး သူပျော်နေတယ် သူကြောင့်ပဲ ဟျောင်းအလုပ်တွေပေါ့သွားတာပေါ့ ဒါဆို ဟျောင်းရဲ့ပိန်သွယ်သွယ်ကိုယ်လေးလည်း ပိုပိန်တော့မှာမဟုတ်လောက်ဘူး။

ချွေးတွေကြား အလုပ်ကြမ်းတွေကြားကပင် ပြုံးပျော်နေသူကို အချစ်ခံလေးဟာလည်း နွေးထွေးစွာ ပြုံးကြည့်ပြီး ချွေးသုတ်ဖို့ရာ ရှေ့တော်ရောက်လာခဲ့သည်။သူတို့ပုံစံတွေဟာ ဒီလိုချိန်တွေဆို ဇနီးမောင်နှံတွေနဲ့ တူနေမလား။

"ထယ်ယောင်း နားပါအုံးလား ချွေးတွေချည်းပဲကွာ နေအုံး ဟျောင်းသုတ်ပေးမယ်။"
ပြောရင်းနဲ့ အချစ်ခံလေးဟာ ချွေးသုတ်ပေးရှာပါတယ် သူအင်္ကျီက လက်အနားစလေးနဲ့။နာခံသူကလည်း ဒီလိုလေးကိုပဲ ကျေနပ်ကာ မျက်လုံးစုံမှိတ်နာယူရင်း ပြုံးနေမိတာ....။

အိမ်ပေါက်ဝကို ကျောပေးထားတဲ့ ဟျောင်းကို အနီးကပ်မြင်လိုသောကြောင့် မျက်လုံးတွေဖွင့်ကြည့်တော့ မြင်ရတာက သူတို့အလုပ်လုပ်ရာ အိမ်ပေါက်ဝနဲ့ မလှမ်းမကမ်းမှာ ကလေးတစ်ယောက်နဲ့ စကားပြောနေတဲ့ ဂျောင်ကု။ဒီကောင်လေး ဘယ်လိုလုပ် နန်းတော်ပြင်ကို တစ်ယောက်တည်းရောက်လာတာလဲ။

မဖြစ်သေးဘူး သူကိုတွေ့ရင် လှမ်းခေါ်မှာ သိတာကြောင့် ဟျောင်းကို ပထုတ်ဖို့ပြင်တော့  အသားမာတက်နေခဲ့တဲ့ သူ့လက်တွေဟာ ဟျောင်းလက်တွေနဲ့ အကိုင်ခံရသတဲ့။

ဒါက ရှားရှားပါးပါး ရယ်မို့ ဂျောင်ကုမြင်မှာစိုးနေတဲ့ အခြေအနေကနေ ဟျောင်းလက်တွေလွှတ်သွားမှာ စိုးသည့် အခြေအနေသို့ ရောက်သွားရချေပြီ။

"ကြည့်ပါအုံး အသားမာတွေ ဟျောင်းဒါကြောင့် ပြောတာ ဟျောင်းပဲ ထင်းခွဲမယ်လို့ အဝတ်လျှော်တာက အဲ့လောက်မပင်ပန်းဘူးလေ"

"မဟုတ်တာ ကျွန်တော်က ပိုပြီး အားသန်တာကို ပြီးတော့ ကျွန်တော်က ဆယ်ကျော်သက်ပဲလေ"
ဟျောင်း ပင်ပန်းမှာစိုး၍ ပြောမိတဲ့စကားဟာ ဂျောင်ကုဆီကိုပါ စိတ်ရောက်နေတဲ့ သူ့အတွက်တော့ ခွပ်*ကနဲ ကြားရတဲ့ ထိပ်ခေါက်ခြင်းကို ခံခဲ့ရသည်။

The king's pride || Complete ||Où les histoires vivent. Découvrez maintenant