အပိုင်း၈ Uni

1.4K 165 6
                                        

မနက်မှာ သူသဘာဝအသံတွေနဲ့ အေးချမ်းစွာ နိုးမလာဘဲ ညကအဖြစ်အပျက်တွေ ခေါင်းထဲရောက်ရှိလာပြီး မျက်လုံးတွေက ဖျက်ကနဲပွင့်လာပြီး ငေါက်ကနဲ ထိုင်ပြီးသား။

လျှပ်တပြတ် ထထိုင်တော့ ခေါင်းမူးသွားပြီး မျက်လုံးတွေကိုပြန်မှိတ်ကာ နထင်ကို လက်နဲ့ဖိထားလိုက်ပြီး ညကအဖြစ်အပျက်များဆီသို့ တစ်ဖန်ပြန်ကာ...

ညက သူတို့နှစ်ဉီး နက်နက်ရှိုင်းရှိုင်းကို နမ်းခဲ့ကြသည် ထိုအနမ်းတွေ အစပြုလာခဲ့တုန်းက သူဟာ လှိုက်ဖိုစွာနဲ့ ငြိမ်သက်နေခဲ့ပေမယ့် အောက်နှုတ်ခမ်းကို ကိုက်ခံလိုက်ရတဲ့အခါ သတိလက်လွတ်နဲ့နှုတ်ခမ်းတွေဟာ ပွင့်အာသွားရပြီး တိုးဝင်လာတဲ့လျှာနွေးနွေးရဲ့အထိတွေ့မှာ သူလည်း မတုံ့ပြန်ဘဲ မနေနိုင်ဖြစ်ခဲ့တာ...

နူးညံ့တဲ့လက်တစ်စုံ သူခါးကို ခပ်တင်းတင်းကိုင်နေချိန်ဆိုလည်း သူမတားဆီးနိုင်ဖြစ်ခဲ့တာ...သူ့ပွင့်ချက်တွေကို ဖိချေလာတဲ့အခါမှာရောပေါ့

တရိပ်ရိပ်တက်လာတဲ့ အတွေးတွေမှာ သူ့မျက်နှာဟာ ပူနေပြီ သို့သော် ကိုယ့်လို အဆင့်နိမ့်ယောင်္ကျားတစ်ယောက်ကို တစ်ညတာပင် မသိမ်းပိုက်ချင်တဲ့ မင်းကြီးဟာ သူ့မျက်နှာကို လက်မောင်းတွေကြားမှာတောင် မ​မြင်ချင်၍ဖွက်သိမ်းထားခဲ့တာ....ရင်ဘတ်ထဲက အောင့်တက်လာကာ နာကျင်ခဲ့ရပေမယ့် အရှင့်အလိုကျပဲပေါ့ သူ့မှာအထွန့်တက်စရာ အဆင့်က တစ်စက်မှ မရှိတာပဲလေ

"နိုးပြီလား...."
မင်းကြီးပဲ မနက်ခင်းမှာကြားရတဲ့ ခပ်အက်အက်အသံလေးဟာ ပြတင်းတံခါးနားရပ်ကာ သူ့ကို ကျောခိုင်းထားလေရဲ့...။ဘေးက အေးစက်နေတဲ့အိပ်ယာခင်းကြောင့် ပြန်သွားခဲ့ပြီထင်ပြီး အတွေးတွေ အဆုံးမသတ်နိုင်ဖြစ်နေခဲ့ခြင်းမှာ ခုမှသတိလည်ရတဲ့အဖြစ်...။

"ဟုတ်.... အိပ်ပျော်ပါရဲ့လား..."
ဝတ်ရုံကို သေသပ်အောင် ပြင်နေတဲ့လက်တွေဟာ ရပ်တန့်သွားသေးတယ် ခဏလေးမို့ အဖြေကိုသာ စောင့်မျှော်နေသူဟာ သတိမထားမိခဲ့။

"အွန်း....နိုးနေလည်း ထပြီး ပြင်ဆင်စရာရှိတာ ပြင်ဆင်တော့....ကိုယ်တော်လည်း ပြန်တော့မယ်"
သိပ်ပြီး စကားခပ်များများမပြောလို အရှင်သည် သူ့အသံတွေပေါ် ယုံကြည်မှုနည်းနေပြီ သူ့မျက်နှာပေါ် ယုံကြည်မှုနည်းနေပြီ ဖြစ်သောကြောင့်။စိတ်မချလို့ နိုးလာတဲ့ထိ စောင့်နေလို့သာ။

The king's pride || Complete ||Donde viven las historias. Descúbrelo ahora