အပိုင်း၉ uni

1.3K 167 17
                                        

တရိပ်ရိပ်နဲ့ လှပစွာ ကူးလူးဖျော်ဖြေနေကြတဲ့ အကမယ်လေးတွေဟာ နတ်ပြည်က နတ်သမီးတွေအလား မျက်စိလွှဲချင်စရာတော့မရှိ သူလည်း မမှိတ်မသုန်ကြည့်နေတဲ့ သူတွေထဲ အပါအဝင်ဆိုသော်ငြား တကယ်ဆို အတွေးတွေထဲ တရိပ်ရိပ်တက်လာခဲ့တာက ရွှေရောင်အရှင်....

ွကကွက်တွေဟာ ဆန်းကြယ်တယ်လို့ ပြောသံဆိုသံချီးကျုးသံတွေ ကြားရတယ် မှီပါ့မလား အရှင့်ရဲ့ဆန်းကြယ်တဲ့အကြည့်တွေကို....

အကမယ်တိုင်းဟာ ကျွမ်းကျင်စွာ တစ်ကွက်ချင်းစီတိုင်းမှာ ေသသပ်စွာ ဖျော်ဖြေနိုင်သတဲ့ မှီပါ့မလား အရှင့်ရဲ့ သေ​သေသပ်သပ်နဲ့ခြွေယူခဲ့တဲ့ နှုတ်ခမ်းပါးတစ်စုံကို....

မျှော်လင့်ချက်တွေမထားတော့ပါဘူး တစ်ခုလောက်ပဲ ဖြည့်စည်းပေး အရှင့်ဆီက လိုလားမှုတွေ သူ့ထံ ကျရောက်လာဖို့

ပတ်ဂျီမင်ဟာ ခဏလေးအတွင်း ရူးနှမ်းခဲ့တာ မထင်ရက်စရာကိုပါပဲ ကိုယ်တိုင်လည်း မထင်ခဲ့ရိုးအမှန်။

သူ့နှလုံးသားနုနုနယ်နယ်ကဆိုလာတယ် သူ့ထံပါး အရှင့်ကို တံဆိပ်ခတ်ပြီးသွားကြောင်း ခန္ဓာပါမက အသွေးအသားတွေကလည်း လိုအပ်နေခဲ့တာမို့ အရှင့် လိုလားမှုတွေကို မျှော်လင့်မိခြင်းပါ ။

အကမယ်တွေဟာ ထွက်ခွာသွားကြပြီဖြစ်သလို... အသီးသီးဟာလည်း စားပွဲသောက်ပွဲတွေဆီသာ နေရာယူ​ေနကြ၏

သူလည်း နေရာယူသင့်နေပြီထင်သော်ငြား ယောင်လည်လည်နဲ့ မထဖြစ်သေး။ သူဟာ နန်းတော်တွင်း ဘာကိုမှ မသိနားမလည်တဲ့ သေးသေးနုတ်နုတ်ဖြစ်တည်မှု အရှင့်အတွက်ဆိုလည်း ထိုသို့ပဲထင်၏။

"ဂျီမင်...သွားရအောင် အဆောင်တော်ကို သွားကြမယ် စားတော်ပွဲပြင်ထားတယ် မင်းကြီးတို့ မိဖုရားတို့နဲ့ အတူတူ သုံးဆောင်ရမှာ လိုက်ခဲ့ချင်လား"
ဟျောင်းက လာခေါ်သော်လည်း သူခေါင်းခါမိတယ် သူမပါရင် ပိုအဆင်ပြေမယ် ထင်ပါတယ်

"ကျွန်တော်မလိုက်တော့ဘူး ဟျောင်း"
လူအပေါင်းဟာ အမိုးရှိအဆောင်ဆီ ခြေဉီးတည့်နေကြတဲ့အခါ သူကတော့ အမိုးမဲ့ထိုင်ခုံတစ်ခုကနေ လမင်းကြီးအား အဖော်ပြုချင်သေးတယ် အထီးကျန်နေသူချင်းဆုံတဲ့အခါ နည်းနည်းလောက်တော့ စိတ်ပြေလောက်မည်ထင်ရဲ့...

The king's pride || Complete ||Nơi câu chuyện tồn tại. Hãy khám phá bây giờ