အပိုင်း၁၆ uni

1.2K 143 7
                                        

မိုးတွင်းတစ်ခုလုံးအုံ့မှိုင်းကာ နေ့မနားညမနားရွာသွန်းနေတဲ့ ကောင်းကင်ကြီးဟာ ဒီနေ့များတော့ ကြည်လင်ကာနေလို့။

မိုးစက်လေးတွေထဲ ကဗျာမဆန်ရတော့သော်လည်း လမင်းလေးမျက်နှာက ပေါသီသော အပြုံးတွေပွင့်လန်းနေလျက်။

နှလုံးသားသည် မနက်ခင်း လင်းစပြုတဲ့နေရောင်နွေးနွေးပေါ်လာခဲ့လျှင်ကိုပဲ ခုန်နှုန်းကောင်းတုန်း။ထိန်းချုပ်လို့လည်း မတတ်တော့ပြီမို့ ဒီနှလုံးသားကို ဘေးမဲ့သာ လွှတ်ထားနိုင်တော့သည်။

"ဂျီမင်ဟျောင်း"

"ဟော....ဆူးလေး ဘာလာလုပ်တာလဲ ဟျောင်းဆီလာတာလား။"
အရှင့်အလာကို စောင့်နေရင်း ချယ်ရီပင်အောက်ဝယ် ငေးမောနေတုန်း သူ့ထံနာမည် ခေါ်ကာ ပြေးလာတဲ့ဆူးလေး။နောက်ကအထိန်းတော်တွေမှာတော့ ဟောဟဲဆိုက်နေတော့သည်။

"ဟုတ်တယ်လေ ဒါပေမယ့် ဂျီမင်ဟျောင်းက အိမ်ပြန်မယ်ဆို"
ဆူပုတ်လေးပါပဲ ဆူးလေးက နေ့တိုင်းကို သူလိုချင်တာမရရင် ဒီလိုပဲဖြစ်သွားတတ်တယ်။နန်းတော်ထဲက ပျင်းရိစရာနေ့တွေထဲမှာ ဆူးလေးနဲ့ရှိနေချိန်တွေကတော့ခြွင်းချက်။

ဆူးလေး အရပ်ကလေးနဲ့အနေတော်ဖြစ်အောင် ထိုင်ချလိုက်ပြီးမှ

"ဟုတ်တယ်ဆူးလေးရဲ့ ဆူးလေးခမည်းတော်က ခွင့်ပြုပေးလို့လေ မကြာပါဘူးသုံးလေးရက်လောက်ပါပဲ စိတ်မကောက်နဲ့နော် ဆူးလေး"

"မသိဘူး ကောက်တယ် ဆူးလေးကို အရင်လည်းမပြောဘူး "
လက်လေးပိုက်ပြီး ခါးလေးကိုလှုပ်စိစိလုပ်နေတာက စိတ်ကောက်တာပါတဲ့ အောက်နှုတ်ခမ်းကလည်း အပေါ်နှုတ်ခမ်းကိုဖိထားသေး။

"မနေ့ကမှ ခွင့်ပြုလိုက်လို့လေ ဆူးလေးမှ မနေ့ကမလာပဲ။"

"အခု ဆူးလေးကို အပြစ်တင်နေတာလား ဂျီမင်ဟျောင်းက"
ထိုလိုပုံစံလေးတွေ ဆူးလေးဆီကနေ မြင်ရတိုင်း ဘာမှန်းမသိ အရှင့်ကို ပြေးမြင်မိတာက သူအရမ်းတွေ ရူးသွပ်နေမိလို့လား။မတားနိုင်မဆီးနိုင်တွေပါပဲ။

"မဟုတ်ရပါဘူး ဆူးလေးရယ် ဂျီမင်ဟျောင်းက အမေကိုလွမ်းလို့ပြန်တာလေ ဆူးလေးရော တစ်ခုခုဆို အမတော်ကို သတိရတယ်မလား ဟင် ပြောပါအုံး ဆူးလေးရဲ့။"

The king's pride || Complete ||Where stories live. Discover now