အမှောင်ကျနေတဲ့ မျက်လုံးတွေဟာ တဖြည်းဖြည်းနဲ့ လင်းစပြုလာတဲ့ ဝန်းကျင်ကြောင့် လုံးလုံးလျားလျားမဖွင့်သေးသော်လည်း မျက်ခွံအောက်က မျက်စံလေးတွေကတော့ ဟိုရွေ့ဒီရွေ့နဲ့သာ....
ကျေးငှက်သံတွေလည်း ကြားနေရတယ် သူ ခုဘယ်များရောက်နေတာလဲ။အမြင်တွေမရှိသေးပေမယ့်လည်း အေးချမ်းလွန်းပါဘိ။စိတ်နှလုံးတို့ဟာလည်း အမောပြေနေတော့သည်။
တဖြည်းဖြည်းနဲ့သာ မျက်လုံးတို့ကို ဖွင့်ကြည့်မိတော့ အိပ်မက်မဟုတ်ဘူးပဲ။သူတကယ်ကို အေးချမ်းနေရသည်။
သို့သော်.....အစစ်အမှန်အေးချမ်းရာဖြစ်တဲ့ ပတ်ဂျီမင်ဆိုသူသည် စောစီးတဲ့အချိန်မှာပင် ဘယ်သို့ထသွားလေပြီလဲ။ဘေးဘက်နားမှ နေရာလွတ်ကလေးဟာ သူ့လက်တွေနဲ့ ထိကြည့်တော့ အေးစက်စက်။
စိတ်ကျဉ်းကြပ်ခဲ့ရလို့များလား။ ညက ဖွင့်ထားတဲ့ပြတင်းကနေ ဖြာကျတဲ့လရောင်ရဲ့အနွေးဓာတ်နှင့်အတူ ကိုယ်ငယ်လေးကို ထွေးပွေ့ဖက်ခဲ့သလို သတိရတိုင်းလည်း တဖွဖွနမ်းရှိုက်ခဲ့ခြင်းဖြစ်လို့။
သူက ထူးဆန်းပါသည် မနှစ်မြို့စဉ်အခါက ပိုင်ဆိုးစွာ နှုတ်ခမ်းတို့ကို နမ်းရဲသော်လည်း ခုလိုချိန်မှာတော့ သူ့ရဲ့ပစ်မှတ်တွေက မှဲ့လေးတစ်ခုသာ ဖြစ်ရဲတော့သည်။နှုတ်ခမ်းတွေဆိုတာ သေချာပင် စိုက်မကြည့်တော့သည်အထိ။ထိုအရာလေးတွေဟာ ပူလောင်စေပြီး ချွေးစတွေပင် ထွက်စေနိုင်သည်မို့ ရှောင်ပါသည်။
သူ ပင်ပန်းမည်ဆိုးတာကြောင့် အိပ်ယာကိုလည်း မခေါက်တတ်ပေမယ့် ကိုယ်တိုင်ကြိုးစားခေါက်ပြီး ထလာခဲ့သည်။အိမ်ပြင်မှာတော့ ရှိလောက်ပါတယ်။မျှော်လင့်ချက်ဖြင့် ထွက်လာလိုက်တော့ ရှင်းလင်းစွာ မြင်လိုက်ရသည့် ကျောပြင်လေး။ပိုးထည်အရောင်နုလေးနဲ့ ကျောဘက်ကနေပင် ကြည့်ရပနံသင့်နေသည်။
မီးဖိုမှမီးကို ကုန်းကာ တဖူးဖူးမှုတ်နေသူက သူ့ခြေသံကိုလည်း ကြားပုံမပေါ်။နောက်ပါးဆီ တိုးကပ်ပြီး လက်နဲ့ပုခုံးလေးကို ပုတ်တော့....
"မေမေ ပြန်လာပြီလား ခဏလေးရယ် မြန်.......အမလေး လန့်လိုက်တာ..."
တတွတ်တွတ်နဲ့ပြောပြီး လှည့်လာတော့ အနီးကပ်အနေအထားနဲ့ သူ့ကိုမြင်ကာ လန့်သွားပုံ။
YOU ARE READING
The king's pride || Complete ||
Fanfictionမာနတို့ အတ္တတို့ဆိုတာ ကိုယ်စီ ရှိကြမှာပဲမို့ ကျွန်တော် ဘုရင့်အား ထွေထူးစွာ မုန်းလို့ မရခဲ့ပါ။ Age limited အနည်းငယ်ပါဝင်သည်။ Main characters >jikook & vope< Unicode+Zawgyi Started date - Sep 16 2021 Ended date- April 10 2022
