အပိုင်း၂၃ unicode

894 115 8
                                    

မုတ်သုန်ချိန်ခါတိုလွန်းတဲ့ သူတို့တိုင်းပြည်မှာ မြောက်လေတဖြူးဖြူးက အစချီတိုက်ခတ်လာနေပြီ။

ကန်ရေပြင်ဟာလည်း ခပ်ကြမ်းကြမ်းလေဟုန်ကြောင့် လှိုင်းလေးတွေထနေလျက်။ဘာရယ်မဟုတ် ဒီလိုလှုပ်ရှားမှုလေးတွေကိုပဲ ကြည့်ကာ သူက ပြုံးနေမိသည်က အပျော်လွန်နေခြင်းမျိုးလည်း မဟုတ်။

ဆောင်းရာသီကို သူ အတော်နှစ်သက်သည်။ထို့အတူ နှင်းတွေသာမက ​မြူတွေကိုပါ ချစ်သည်။ဒါက မွေးထဲက ပါလာတတ်တဲ့ ဗီဇဆိုရလေမလား။

ပထမဆုံးကျလာမယ့် နှင်းတွေကို အတူကြည့်ချင်တာဟာ တခြားမည်သူတို့ထံမှတော့ ရှိမနေ။သူ့အသက်သွေးကြောရဲ့ ပင်မရင်းမြစ်ဖြစ်သည့် မာနကြီးကြီး ဘုရင့်ထံမှာသာ။

"အေးလာပြီနော် ဂျီမင်လေး နေရထိုင်ရရော အဆင်ပြေလား။"
ကန်ရေပြင်ရဲ့အလယ်က နားနေဆောင်တွင် လက်ဖက်ရေကြမ်းအပူလေးကို တစ်ငုံသောက်ကာ အစ်မတော်က မေးတော့မှ ဒီမှာရှိနေရခြင်း အကြောင်းရင်းအား သူသတိရမိ၏။

"ဟုတ်ကဲ့ အစ်မတော် ကျွန်တော်အဆင်ပြေပါတယ်။"

"နွေးနွေးထွေးထွေးနေနော် ရာသီကပြောင်းလာပြီဆိုတော့ ဖျားလွယ်တယ်"

"ဟုတ်ကဲ့"

"ဟော...သားတော် ဖြေးဖြေးလာလေကွယ် လဲတော့မှဖြင့်"
ရာသီဉတုကို နှစ်ခြိုက်နေပုံရတဲ့ဆူးလေးသည် သူ့ထံရောက်လာတဲ့ အထိန်းတော်သစ်နဲ့ မြူထူးနေရင်းမှ အနားသို့ အပြေးလာသည်။

"ဟျောင်း ကစားရအောင်"

"ခဏပဲနော် ​ေဟျာင်းတို့ စကားပြောကြမလို့ ပြီးရင် ဟျောင်းလာခဲ့မယ် ဟုတ်ပြီလား ရေကန်နားအရမ်းမကပ်နဲ့အုံး ချော်ကျမယ်"

"ဟုတ် ဟျောင်း"
သူ့စကားဆို အပိုအလိုမရှိ နားထောင်တတ်တဲ့ ဆူးလေးတွင် အကြံဆိုးလေး တစ်ခုကတော့ ကျန်ရှိနေသေးလျက်။ညီလေးလိုချင်သည်ဆိုသည်မှတစ်ပါး တခြားတော့မဟုတ်။

"အမတော် ပြောစရာရှိလို့ဆို ဘာများလဲ"

"ဂျီမင် တစ်မျိုးထင်မှာကိုတော့ စိုးပေမယ့် အားလည်းနာမိတာမို့ အမတော် ဒီစကားကို ဆက်မထိန်းသိမ်းချင်တော့ဘူး"
စကားကို မဆက်နိုင်သေးတဲ့ အမတော်သည် ဘာတွေကိုများ တွေဝေနေရလို့လဲ။

The king's pride || Complete ||Opowieści tętniące życiem. Odkryj je teraz