အပိုင်း၂၁ unicode

1.1K 113 0
                                        

"ပတ်ဂျီမင်....သက်သာရဲ့လား။"
လက်နွေးနွေးတစ်စုံဟာ သူ့ရဲ့ထိန်းမနိုင်သည့်ဆံနွယ်တွေကို နဖူးထက်မှ အသာဖယ်ရှားပေးသည်​။မဖီးမသင်ခဲ့သည့် သူ့ဆံပင် ဖွာလန်တွေနဲ့ သူသည် တစ္ဆေနဲ့များတူနေမလား။

"မင်းကြီး...."

"အွန်း ဟုတ်တယ် ကိုယ်တော်ပါ "
မှုန်ဝါးဝါးတွေကြားမှာပင် သူဟာ နှလုံးသားရဲ့ပိုင်ရှင်ကိုတော့ သဲကွဲစွာ သိမြင်နိုင်​ေသးသည်။မနက်ခင်းတစ်ခုလေးမှာ မတွေ့မမြင်ခဲ့ရလည်း လွမ်းတယ်။ညဘက်မှာ နှီးနှောခဲ့​ေပမယ့်လည်း ရမ္မက်တွေကင်းနေမယ့် မျက်နှာတော်ကို လွမ်းတယ်။

ပတ်ဂျီမင်သည် အလွမ်းအဆိပ် တော်ရုံသင့်နေသည် မဟုတ်ပါလား။

မနည်းတင်းထားတဲ့အားကို လောင်စာထပ်ဖြည့်ပြီး အလူးအလဲထကာ အရှင့်လည်တိုင်တို့ကို ဖက်တွယ်မိတော့ အရှင်က ထူးဆန်းစွာ မဖယ်ရှားခဲ့။

"လွမ်းနေတာ...ထားမသွားပါနဲ့နော် ဘာပဲဖြစ်နေနေ ကျွန်တော်ကချစ်တယ် ဒါ ဒါကြောင့်မို့....."
မဆီလျော်စွာ တစ်စို့နေတဲ့စကားတွေနှင့် သူဟာ မျက်ရည်အလိမ်းလိမ်း အရှင် ယုံကြည်ပေးတန်ကောင်းပါတယ် သူအရှင့်ကို အဘယ်လောက်ထိ ချစ်သလဲဆိုသည်အား။

"ပတ်ဂျီမင် တော်တော့ အားနည်းနေတာကို မငိုနဲ့တော့ ကိုယ်တော်လည်း ညီလာခံသွားရအုံးမယ်"
ရက်စက်လွန်းသည်က ဘယ်အဆင့်ဖြစ်နေခဲ့ပြီလဲ။မိခင်ဖြစ်သူကိုပင် တားသည့်ကြားက ထားကာထွက်လာမိပါသည့် သူ့ကို အရှင်က ဒီလိုပစ်ပစ်ခါခါဖြင့် ဆီးမကြိုသင့်။

ချစ်တာကို သိလို့ အရှင့်ရောင့်တက်ကာ နိုင်စားပါသည်။မာန်မာနတွေဖြင့် တင်းခံနေတဲ့ မျက်ဝန်းတို့ိကို သူဖောက်ထုတ်ချင်သည်အထိ စိတ်တွေလည်း ဆုံးဆုံးမြုပ်နေပြီ။

ထွက်သွားပြန်ပြီ သူတော့ ဒီတစ်ခါသည်မှ မရခဲ့လျှင် နောက်ဆို ဘာပဲဖြစ်နေ ထက်ဆွဲထားတော့မည်မဟုတ် မခံနိုင်အောင် ပင်ပန်းနေပြီ။

မျက်ရည်ကို တစ်ချက်ဖိသုတ်ကာ သူအသံကို တစ်ဆုံးအော်ချပစ်လိုက်သည်။အိပ်ယာထက်က ထိုင်လျက်သားရှိနေတဲ့ သူဟာ ရှုပ်ပွေနေပါသည့် ဆံပင်တွေနဲ့ အရှုးမီးဝိုင်း။

The king's pride || Complete ||Where stories live. Discover now