"ပတ်ဂျီမင်....."
ဆံပင်တွေကို ြဖီးသင်နေတဲ့အချိန် ပုခုံးပေါ်မှ ထွက်ပေါ်လာတဲ့ ကြက်သီးထဖွယ် ပျင်းတွဲတွဲခေါ်သံတစ်ခု။မနက်ခင်းတွေသည် ဒီလို ပုံစံမျိုးတွေချည်းပဲ ထပ်တူညီနေစေအုံး သူဘက်က မငြိုငြင် မညီးညူပဲ ကျေနပ်နေတတ်သည်။"မင်းကြီး နိုးပြီလား ကျွန်တော် နန်းဆောင်ပြင်ကို မနက်စောစော လမ်းလျှောက်ထွက်မလို့ တစ်ခါတည်း လိုက်ခဲ့ပါ့လား"
"ဘာလို့လဲ ဒီလောက်ခန္ဓာကိုယ်က သေးကွေးနေတာကို လမ်းတွေအရမ်းလျှောက်မနေနဲ့"
"ကျန်းမာအောင်လို့ပါ ပြီးတော့ နန်းဆောင်ထဲမှာပဲ နေရတော့ ပျင်းတယ်လေ"
"ကိုယ်တော် ရှိတာပဲ ရွှတ်"
"ဟာ..."
ေသသပ်နေပြီဖြစ်တဲ့ဆံပင်ကို တစ်ဖက်ပုခုံးပေါ်ပြန် တင်ပြီး ပေါ်လာတဲ့လည်ပင်းသားတို့အား တရှုံ့ရှုံ့နဲ့ နမ်းနေပြန်ပြီ။ပြီးနောက် ဝတ်စုံက ကြိုးကို လက်တစ်ဖက်နဲ့ ဖြည်ဖို့ပြင်နေသည်။"မင်းကြီး... နေ..နေပါအုံး"
"ဘာလဲ"
မကျေမနပ်နဲ့ သူ့ဘုရင်။ဘာကို စိတ်မခက်မသင့်ပြန်ပြီလဲမသိပေမယ့် သူတို့ ရှေ့ဆက်လို့မဖြစ်သည်မို့ တားယူရပါမည်။ညတုန်းကပဲ သူတို့နှစ်ဉီး ရမ္မက်ဆန်တဲ့ ညတစ်ညကို ကုန်ဆုံးထားခဲ့တာပဲမလား။"ဟို... ညကလည်း..."
ဆက်မပြောဝ့ံပါ ဘယ်လောက်ပဲ ဘုရင့်အလိုကျနေပေခဲ့ပါစေ သူရှက်ပါသည်။ထို့အတူ ဒီလိုမျိုး အဓိပ္ပါယ်မဲ့ညတွေအကြောင်းဆို ပိုတိုးမပြောချင်ပါ။သူမနှစ်သက်ဖူးရယ်လို့ မငြင်းချင်သော်လည်း လုံးလုံးလျားလျားလည်း မနှစ်သက်။ဘာလို့လဲဟုဆိုလျှင် သူ့ပေးတဲ့အချစ်ဆိုတဲ့ ဒြပ်မဲ့တွေဟာ တန်ပြန်ကာ သူ့ဆီကို လမ်းမှား၍မျှပင် ရောက်မှမလာပဲ။
ဘုရင့် ကိုယ်သင်းနံ့လေးကို ရင်ခွင်ထဲတိုးကာ ရှူရှိုက်ရမယ့်အစား ချွေးသန်တရွှဲရွှဲနဲ့ မောပန်းစွာ အိပ်ပျော်ခဲ့ရတဲ့ ညတွေကို မုန်းတယ်။
ဘုရင့်ထံမှ နာပျော်ဖွယ် ချစ်စကားလှလှတို့ ကြားရမယ့်အစား လိုချင်တပ်မက်ခြင်းတွေဖြင့် ထုဆစ်တဲ့ ညည်းသံမျိုးစုံနဲ့ ညတွေကို မုန်းတယ်။

BẠN ĐANG ĐỌC
The king's pride || Complete ||
Fanfictionမာနတို့ အတ္တတို့ဆိုတာ ကိုယ်စီ ရှိကြမှာပဲမို့ ကျွန်တော် ဘုရင့်အား ထွေထူးစွာ မုန်းလို့ မရခဲ့ပါ။ Age limited အနည်းငယ်ပါဝင်သည်။ Main characters >jikook & vope< Unicode+Zawgyi Started date - Sep 16 2021 Ended date- April 10 2022