အပိုင်း၁၀ uni

1.4K 166 35
                                        

ဖြစ်ပျက်သမျှ အခြေအနေတွေကို အလျင်မြန်မေးယူတော့ ကိုယ်လုပ်တော်နန်းဆောင်မှာ အခြေအနေ ဆိုးနေသည်တဲ့။

ထယ်ယောင်း အလျင်အမြန် ထိုအရပ်ဆီသွားတော့ နန်းတွင်းသမားတော်နဲ့ဆုံရာ နောက်ပါးမှ တပါတည်းလိုက်ပါသွားလိုက်၏။

ကောင်လေးက ဘာဖြစ်သွားတာလဲ သူ့ဘေးမှာ ရှိနေချိန်တုန်းကတောင် မူးရုံအပြင် မပိုခဲ့တာ သူရော ဘေးကသူတွေပါ အသိ။

ဒီလိုမျိုးဖြစ်တယ်ဆိုတာ ကြားရတော့ စိတ်ထဲမကောင်း... ပြီး ဟိုဆော့ဟျောင်းကလည်း သူ့ကိုစောင့်ရှောက်ဖို့ သေချာမှာခဲ့တာလေ ဂျောင်ကုနဲ့တည်းက လိုက်သွားခဲ့ရင် အကောင်းသား။

အခန်းနားရောက်တော့ သူရော သမားတော်ပါ ပွင့်လျှက်ရှိသည့်္တံခါးဆီ ဝင်မည်လုပ်တော့ ပိတ်သွားတဲ့ တံခါးနောက် *မ​ခေါ်မချင်း ဝင်မလာခဲ့နဲ့* ဆိုတဲ့ အမိန့်သံကိုပါ ကြားလိုက်ရ၏။

ဘာတွေများလဲ ဧကန်န ဂျောင်ကု ကောင်လေးကို လုပ်တာတော့ မဟုတ်လောက်ပါဘူးနော်....

သမားတော်ကလည်း ကြောင်နနနဲ့ သူ့ကိုငဲ့ကြည့်လာသည်။ သူလည်း ဘာမှမသိသူမို့ ခေါင်းသာရမ်းပြလိုက်တယ်။
အခန်းတွင်း မီးရောင်မှာ လင်းနေတာမို့ အရိပ်တစ်ခုဟာ စက္ကူထူထူနဲ့နံရံပေါ်မှာ တရိပ်ရိပ် လှုပ်ရှားနေပြီး အသံလည်းတစ်ချက်ချက်တော့ ကြားရသေးသည်။ဝုန်းဝုန်းဒိုင်းဒိုင်းတော့ မဟုတ်တာမို့ ဘာမှမဖြစ်တာတော့ကြိမ်းသေပါတယ်။

အတော်ကြာတော့ ဝင်ခွင့်ပြုရာ တံခါးကို သူကပဲ ဖွင့်ပေးပြီး သမားတော်ကို တရိုတသေနဲ့ အရင်ဝင်ခိုင်းလိုက်သည်။
တံခါးပိတ်ပြီးစီး၍ လှည့်လိုက်တော့ မြင်လိုက်ရတဲ့ မြင်ကွင်းက သူ့မျက်လုံးတွေထဲ တစ်သက်မှာတစ်ခါသာ မြင်ခွင့်ရမယ့် မြင်ကွင်းပိတ်ကားတစ်ခု။

ဂျီမင်ကို်ယ်ပေါ်တွင် ရှင်ဘုရင်တွေသာဝတ်ဆင်ခွင့်ပြုထားတဲ့ နဂါးဝတ်ရုံအနီကို ဆင်မြန်းခြုံရုံထားပြီး သတိမေ့နေသည်။ထိုကောင်လေးရဲ့ လက်ဖောင်းဖောင်းလေးတွေဟာတော့ လက်ဖဝါးနှစ်ဖက်ကြားနစ်မြုပ်လို့ရယ်။

ဝတ်ရုံပိုင်ရှင်မှာက အောက်ခံဝတ်စုံအဖြူခပ်ပါးပါးသာ ကျန်ရှိလေသည်။
သွေးတွေသည် ဟိုတစ်ကွက်ဒီတစ်ကွက်နဲ့ပေပွနေလို့ စိုးရိမ်စိတ်က ငယ်ထိပ်ဆောင့်တက်လာ၍ ဂျောင်ကုကို ကြည့်ရာ အတိတ်ကိုမကြောက်တော့ပဲ လက်ရှိပစ္စုပ္ပန်ကိုပဲ ကြောက်ရွံ့နေပုံ။

The king's pride || Complete ||Where stories live. Discover now