အပိုင်း ၂၅ Unicode

962 108 4
                                        

သိသာတဲ့မာန နဲ့ မသိသာလွန်းတဲ့
မာနတွေ ဆုံစည်းရာဟာ
သူတို့နှစ်ဉီးရဲ့ ရင်ခုန်သံတွေများလား။

အတွေးတွေဟာ နွံတစ်ခုလို နစ်မြုပ်ဖို့ ဆွဲခေါ်နေတုန်း အသစ်သစ်သော လက်တစ်စုံဟာ နှလုံးသားတံခါးအား ခေါက်လာခဲ့ပြန်တယ်။

သို့သော် နှလုံးတံခါးတို့၏ အဖွင့်၊အပိတ် မြည်သံတို့သည်ပင် မလိမ်ညာစတမ်းဆို....
တစ်ဉီးတည်းသော ဘုရင်ငယ့်မူပိုင်။

#

"နှင်းဆီတွေနဲ့ပါလား ရန့ံတွေက အပြင်ကတောင် အဲ့တာကြောင့် ရနေတာ....ကိုယ်တော် မလာခဲ့တဲ့ သံုးရက်အတွင်း မင်းအခန်းက နှင်းဆီတွေ ပြည့်လုနီးနေပြီပဲ"

"အင်း အဲ့လို ဖြစ်သွားတယ်။"
ပန်းအိုးထဲက နှင်းဆီခပ်နွမ်းနွမ်းတို့ကို ဖယ်ကာ ဒီနေ့အတွက် နီရဲဖူးစိုနေသော ပန်းတို့အား အသစ် လဲလှယ်နေရင်း ထိုသို့ ပြန်လည် အဖြေပေးမိသည်။ထွေထူးစွာ အဖြေကမှ မရှိဘဲ ပြီးတော့ လိပ်ပြာမလုံစရာလည်း မရှိ။သူ့နှလုံးသားဟာ ဘုရင်မှလွဲ အရာရာကို ပြတ်သားတတ်တယ်။

"ပျော်နေတာလား..."

"အင်း"
ဒီဘဝက သူ့အတွက် နေပျော်နေပြီပဲဟာ။စိတ်တွေကတော့ အဝေးကို ထွက်သွားဖို့ နောက်ကနေ တွန်းအားပေးနေတုန်း။

"လှတယ်မလား မင်းကြီးရော ယူမလား။"
ဘုရင်ဟာ မျက်နှာပျက်လျက်ရှိနေသည် ဘာလို့လဲ သူဘာမှားသွားပြန်လို့လဲ။မသိ​ေတာ့ပါ သူ့ရဲ့ ပန်းအိုးထဲ ထိုးပြီးလို့ ကျန်ခဲ့တဲ့ တစ်ပွင့်အား ဘုရင့်ထံမှောက် ဆက်သလိုက်သည်။

ဘုရင်ကတော့ ထိုပန်းကိုသာ တင်းတင်းဆုပ်ကိုင်ပြီး အခန်းထောင့်က နှင်းဆီပုံနား မနေ့က နှင်းဆီတွေကို ထားဖို့ ခြေလှမ်းနေသူကို ကြည့်မြဲ။အကျန်ဟူ၍ ပြောလို့ရပါ့မလား ထိုနှင်းဆီတွေဟာ ဒီနေ့ရဲ့ဇာတ်လိုက်နှင်းဆီတွေနဲ့ယှဉ်လျှင် ညိုးငယ်ယုံမှအပ လှသွေးကြွယ်နေတုန်းပဲကို။

#

.
.
.
.

"ဟင်...နှင်းတွေ...."

The king's pride || Complete ||حيث تعيش القصص. اكتشف الآن