ဇာတ်သိမ်းUnicode

1.9K 128 8
                                    

"ဟုတ်မှလည်းလုပ်ပါကွာ"

"ငါတကယ်ပြောတာ ယွန်းဂီ။"
ဂျောင်ကုနဲ့ ယွန်းဂီရဲ့ အခြေအနေတို့သည် အရင်ကလောက် မတင်းမာတော့။သူ့ဘက်က အလွန်ချည်းမို့ ခွင့်လွှတ်ပေးတယ်လို့ မပြောလာတောင် တောင်းပန်ဖို့က သူ့တာဝန်။ပြီးတော့ ချစ်နေရက်နဲ့ သူ့ကလေးကို မထိရက်မကိုင်ရက်ပြုစုပေးခဲ့တာတွေသည် မင်ယွန်းဂီရဲ့ ဖြူစင်တဲ့အချစ်ကို သက်သေပြကြသည်။သူဆိုရင် ဒီလို လုပ်နိုင်မည်မဟုတ် သူက အချစ်ကို ပေးဆပ်ခြင်းဆိုတာ သိနိုင်ဖို့ထက် ရယူလိုစိတ်ကပဲ များနေခဲ့တာ....။ဒါကြောင့်လည်း တစ်ခါလောက် ပေးဆပ်ကြည့်မလို့​။

"ငါအတည်ပြောတာ ယွန်းဂီ မင်းကလဲွဲပြီး မရှိဘူး။မင်း တိုင်းပြည်တည်ထောင်​ေရး၊အုပ်ချုပ်ရေးအကြောင်းတွေ လေ့လာပြီး နှံစပ်နေပြီဆိုတာလည်း ငါသိတယ်။ဒါကြောင့်..."
တဖက်သတ်ကြီးဆိုတာ သိပေမယ့် ယွန်းဂီ နိုင်ငံတော်ကောင်းတစ်ခုကို တည်ထောင်ချင်နေတာကိုလည်း သိသည်။ဒါဟာ နှစ်ဉီးနှစ်ဖက်စလုံးအတွက် ကောင်းခြင်းတစ်ခုပဲမဟုတ်လား။

"ကောင်းပြီ ငါလက်ခံပေးနိုင်တယ် ဒါပေမယ့် တစ်ခုလောက်တော့ မေးမယ်။"

"အင်း...."

"ဒီလမ်းကို မင်းရွေးချယ်ရင် ဂျီမင်လေးက ပျော်ရွှင်မှာလား။"
သူ မင်ယွန်းဂီကို ဩချမိသည်။သူက အကျိုးနှင့်ဆွယ်နေချိန်  မင်ယွန်းဂီကတော့ သူမပိုင်ဆိုင်နိုင်တော့တဲ့ တစ်ပါးသူ ရင်ခွင်ထဲကလူသားအား ပျော်ရွှင်ဖို့ကိုသာ လိုလား​ေနဟန်။

"ဧကန်ပဲပေါ့ ဒါပေမယ့်...."

"ဒါပေမယ့်....."
မလွဲမသွေပဲဟု အတိအကျဆိုပြီး ဒါပေမယ့် ခံလာတဲ့ ဘုရင့်အား ယွန်းဂီ သံယောင်လိုက်ပြီး ရှူးရှူးရှဲရှဲ ကြည့်လိုက်သည်။

"သိသိချင်းတော့ စိတ်ဆိုးမယ်ထင်တယ် ။အဲ့ကလေးလေးကလေ ငါအလျှော့ပေးမှန်းသိလို့ ခေါင်းမာလာတယ်။"
အတင်းတုတ်နေခြင်းသည် ဘုရင့်နှုတ်ခမ်းပါး၌ ပြုံးခြင်းသဏ္ဍာန်ဆောင်စေသည်။ပြီးမှ ချစ်နေတဲ့သူ နောက်တစ်ယောက်ကြောင့် ဂျောင်ကု အရှိန်သတ်လိုက်သည်။ဒီလိုမျိုးတွေက အရမ်းနာကျင်စရာ ကောင်းတာ သူလည်း သိသည်။သို့သော် ယွန်းဂီကတော့ ဟန်ဆောင်ကာ ခပ်ပြုံးပြုံး။

The king's pride || Complete ||Onde histórias criam vida. Descubra agora