အပိုင်း၆ Uni

1.2K 171 3
                                    

ခြေလှမ်းတိုင်းမှာ မသက်ဆိုင်လှတဲ့ ပါးပြင်က တဆစ်ဆစ်နဲ့ နာကျင်နေရတယ်။

လေတိုက်သွားတိုင်း ကိုက်တက်လာတာကြောင့် အေးစက်တဲ့ လက်နဲ့အုပ်ကိုင်ကာ အကာကွယ်ယူတော့လည်း အကာကွယ်တွေအောက် နာတုန်းကျင်တုန်း။

ခံပြင်းလားမေး ဟင့်အင်း။

စိတ်ထဲ အထိနာမနေတာကတော့ ကိုယ်တော့်ရဲ့ဘုန်းတန်းခိုးတွေကြောင့် နေမှာ၊ အရင်ဘဝက ဆုတောင်းကောင်းလို့ဖြစ်မည် မျက်မုန်းကျိုးစရာဆိုလည်း သူကိုယ်၌ရဲ့ မျက်လုံးထဲ ခန့်ညားထည်ဝါနေတာတော့ အမှန်။

ဘယ်လောက်တောင် သူနဲ့ခြားနားစွာ ယောင်္ကျားပီသလိုက်သလည်း ဒဏ်ရာက နှစ်ညအိပ်သုံးညတော့ သာသာလေးနဲ့ ပါးပေါ်စွဲနေတော့မှာ။

"သခင်လေး ဘယ်တွေပျောက်သွားရတာလဲ"
ဂျီမင်ပျောက်တည်းက လှည့်ပတ်ရှာခဲ့ပေမယ့်မတွေ့တော့ မိဖုရားခေါင်က နန်းဆောင်မှာပဲ အရေးကြီးတဲ့သူရောက်နေလို့ သွားစောင့်နေပြောတာကြောင့် လာစောင့်နေရတာ စိတ်ကဘယ်လိုမှ မချ။ခုတော့ မျက်နှာလေးကို ကိုင်ကာ နန်းဆောင်နား ခြေလှမ်းနှေးလေးတွေနဲ့ ရောက်လာပုံက အဆင်ပြေနေပုံမပေါ်။

"ဟိုဆော့ဟျောင်း။"
မျက်ရည်တွေ ထိန်းထားနိုင်ပေမယ့် အားငယ်စိတ်ကတော့ လျှံထွက်နေတော့ ဟျောင်းကိုပဲ အားကိုးတကြီးပြေးဖက်မိသည်။ပွေ့ဖက်ဖို့ အဖော်ကောင်း တစ်ယောက်တော့  အနည်းဆုံးရှိသေးတာပဲလေ။

"ဂျီမင်လေး ဘာဖြစ်လာလို့လဲကွယ် ဟျောင်းကို ရင်ပူအောင်။"
ဂျီမင့်အတွက် ဟျောင်းက ဘဝရဲ့ ဒုတိယမိခင်လို့ပင် သုံးနှုန်းသင့်​ေပသည်။

"ကျွန်တော် ခံနိုင်ရည်ရှိတာ ဟျောင်းယုံတယ်မလား"
ဟိုဆော့ အဆက်အစပ်မရှိတဲ့မေးခွန်းကြောင့် ကြောင်သွားသော်လည်း သူယုံတယ်ဆိုတာကို အမြန်ခွန်းပြန်ပေးလိုက်သည်။

"ယုံတာပေါ့ တကယ်ယုံတာ"
သူ့အဖြေက အမှန်ပေ ဒီကလေး နန်းတွင်းထဲစဝင်လာတာ မကြာသေးပေမယ့် သူအပါအဝင် လူတိုင်းနှင့်လိုက်လျောညီထွေ နေနိုင်လွန်းသည်။ရှေ့ဆက်လည်း နေနိုင်မည်ဆိုတာ သူယုံသည်။

The king's pride || Complete ||Where stories live. Discover now