အပိုင်း၁၄ uni

1.2K 160 10
                                        

မိုးစက်တွေက အပြင်လောကမှာ တဖွဲဖွဲကျဆင်းနေတဲ့အခါ တချို့တချို့သော လူသားတွေရဲ့ စိတ်တွေထဲ လွမ်းဆွေးခြင်းတွေကို သယ်ဆောင်ပေးကြတာက ဖြစ်ခြင်းသဘောတရား။

အရှင်လား အရှင်ကတော့ လွမ်းဆွတ်ခြင်းတွေရဲ့ အဝေးမှာရှိနေတယ်။အလွမ်းတွေဆိုတာ ဘာတွေမှန်းမသိအောင်ကို တစ်စုံတစ်ခုသောအရာနဲ့ အနီးဆုံးမှာရှိနေတယ်လေ။အနီးဆုံးဆိုတာဟာ ပိုနေမယ်ဆိုရင် နီးနီးကပ်ကပ်ဆိုတဲ့စကားလုံးကို ပြောင်းသုံးပြောရပေမည်။

စာဖတ်ဆောင်ရဲ့ ဗဟိုမှာတည်နေတဲ့ ကျွန်းစားပွဲကြီးတွင် ပြည်သူတွေဆီမှရလာတဲ့ စာလိပ်တွေကို ဖတ်လိုက် ချမှတ်ရမည့်အမိန့်တို့ကို ဆုံးဖြတ်လိုက်ဖြင့် မိုးဖွဲဖွဲတွေကြား အေးဆေးမနေပါ။
တစ်ချက်ချက်တော့ သူနဲ့ခပ်လှမ်းလှမ်းက တစ်ဉီးတစ်ယောက်သော သူကိုလည်း မသိမသာနှင့်အကဲခတ်ကြည့်ရခြင်းက အစီရင်ခံစာဖတ်သည့်ချိန်ထက် ပိုများနေတာကိုတော့ အရှင်ကအမှုမဲ့အမှတ်မဲ့။

ပတ်ဂျီမင်ပေါ့ ပတ်ဂျီမင် တစ်နွေလုံးစာပေလိုက်စားနေတော့ ကိုယ်တော်က စေသနာနဲ့ စာဖတ်ဆောင်က စာအုပ်တွေယူဖတ်လို့ရအောင် ခေါ်ထားပေးတာ။နန်းတော်ထဲက ဓလေ့တွေကိုလည်း သိအောင်ပါ တခြားမရှိ။

လေတစ်ချက်မှုတ်ထုတ်လိုက်ပြီး စာလိပ်တွေကိုပဲ ပြန်ဖတ်နေလိုက်သည်။စိတ်တွေကတော့ တောင်တွေးမြောက်တွေးရယ်။

မနေ့ညက မိုးတွေသဲကြီးမဲကြီးရွာလို့ သူအိပ်လို့မပျော်ခဲ့ဘူး။ညမှောင်ထဲ တွေးမိနေတဲ့အကြောင်းကလည်း ပြောပြချင်စရာတော့မရှိ။ခြေတွေကလည်း သစ္စာမဲ့လွန်းပါတယ် ရောက်သွားပြန်တာက ကိုယ်လုပ်တော်နန်းဆောင်ဘေးဘက်က ချယ်ရီပင်အောက်ကိုပဲ။

အိပ်နေလောက်ပြီလို့ ထင်ခဲ့ပေမယ့် မီးရောင်လေးရှိနေပြီး ပြတင်းတံခါးဘေး လှုပ်လိလှုပ်လဲ့နဲ့ကျောပြင်လေးဟာ ငိုနေတာဖြစ်လိမ့်မည်။တစ်ချက်ချက်လည်း သူ့လက်တွေနဲ့ ပြန်ပြန်သုတ်နေတယ်ဆိုတာလည်း ခန့်မှန်းမိသည်။

မိုးရေတွေထဲ ရိပ်ကြည့်နေမိတာဟာ ခြေတွေထုံထိုင်းလာတဲ့ အချိန်ထိပင် ဒါတောင် ထိုကောင်လေးက ငိုနေတာမရိပ်နိုင်။နောက်တော့မှ အထိန်းတော်ဂျောင်(ဟိုဆော့) ရောက်လာပြီး ပြတင်းပိတ်ကာ ခေါ်သွားပြီးတစ်ခဏကြာ အခန်းလေးမီး​ေရာင်ပျောက်သွားသည်။ပတ်ဂျီမင်က ကံကောင်းပါတယ် သူ့ဘေးနားက သူတွေအကုန်လုံးဆီက အချစ်တွေ အမြဲရတဲ့ ကောင်လေးတစ်ယောက်ဖြစ်နေတာနဲ့တင်။ ဖြူစင်သန့်ရှင်းလွန်းတဲ့သူပဲဟာ အချစ်ခံထိုက်ပါတယ်။

The king's pride || Complete ||Where stories live. Discover now