အပိုင်း၂၈ Unicode

898 105 14
                                    

"သူ နှစ်ရက်ရှိနေပြီ ခုထိ မနိုးလာသေးဘူးလား။"
ဂျောင်ကု လာကြည့်နေတာ အခေါက်ပေါင်းမနည်းတော့ပေမယ့် ခုထိ နှိုးမလာသေးတာကြောင့် စိတ်ပူလာသည်။
နိုးမလာသေးတာ တစ်မျိုးတော့ ကောင်းသည် ဒီလိုမှပဲ ထယ်ယောင်းလည်း အဆင်ပြေပြေနဲ့ ဇာပနလုပ်နိုင်မည်။မဟုတ်လို့ ဟိုဆော့သာ တရားခံဆိုတာ သိရင် သူကိုယ်တိုင်က  အပြစ်မကင်းခံစားရပေမည်။

ထိုပြဿနာဖြစ်ပြီးကတည်းက နန်းတွင်းမှာ အရှုပ်တွေ ပေါ်လာသည်။ဟိုဆော့အား အပြစ်ဒဏ်ချမှတ်ဖို့ရန်အပြင် သေမိန့်ပင် ပေးခိုင်းနေခြင်းကြောင့် သူလည်း တော်တော်ကို ဉီးနှောက်စားနေရသည်။နန်းပြင်ကိုလည်း ပျံ့မသွားအောင် မနည်းထိန်းချုပ်ထားရ​သေးသည်။အဲ့တာကိုပင် သတင်းသည် ပြန့်ဖြစ်အောင် ပြန့်သွားတော့သည်။

တစ်ဖက်ကလည်း သူ့မိခင် တစ်ခုမကျန်ဖွင့်ပြောလိုက်လျှင် သူ့အမေကိုယ်တိုင်လည်း အပြစ်ရှိလေတော့ ပြစ်ဒဏ်ခံရမည်။ ထို့အပြင် နန်းတွင်းရဲ့အနွယ်တော်ကို သေစေခြင်းမှာ ဟိုဆော့အပြစ်ကလည်း ကြီးလေးသည်ကြောင့် အဘယ်သော အရာကမှ ဟုတ်မနေ။အမတ်တွေကလည်း အပြင်းအထန်ကို ညီလာခံနန်းဆောင်ရှေ့ ဆန္ဒထုတ်ဖော်နေသည်ကြောင့် သူသည် မရုန်းသာ။

ခုနေ့တော့ ပြောပြလိုက်ဖို့ သင့်ပြီဖြစ်တာကြောင့် စိတ်ပိုင်းဖြတ်ကာ ထယ်ယောင်းဆီ သွားဖို့ပြင်လိုက်သည်။

မသွားခင်တော့ ပတ်ဂျီမင်ဆီ ခြေဉီးလှည့်အုံးမှပင်။ ပတ်ဂျီမင်ကို မည်သည့်အကြောင်းကြောင်းရယ်မှ မတိုင်ပင်ချင်၍ သူသိထားသည့်ကိစ္စများမှလွဲ နောက်ထပ်သော ဖြစ်ရပ်တို့အား မဟမိ။

ထူးဆန်းနေသည်ကား အရင်နေ့ရက်တွေများဆို ရောက်လာတတ်သော်လည်း ခုနေ့ အသံတိတ်ကာ ရောက်မလာသေး။ထို့ကြောင့် မနေနိုင်လွန်းလို့ သူကပဲ ပြဿနာတွေကြားမှ သွားရောက်တွေ့ရတော့သည်။

လမ်းလျှောက်နေတုန်း ခေါင်းထဲကို ဖြတ်ကနဲဝင်လာကာ တစ်ခဏအတွင်း ဘာမှန်းမသိတော့သော အတွေးကြောင့် ကိုယ့်ခေါင်းကို နာနာတစ်ချက်ထုရိုက်လိုက်သည်။ ဖိအားတွေနဲ့ လူက အတော်ကို ကြောင်နေတော့သည်။

The king's pride || Complete ||Où les histoires vivent. Découvrez maintenant