အပိုင်း၁၂ uni

1.1K 142 5
                                    

နန်းတော်ထဲ ကြားနေရတဲ့ သတင်းတွေကြောင့် ပျော်နေသည့်သူမ ယနေ့မှာတော့ နန်းပြင်က အိမ်တော်ကို ပြန်ရန် စီစဉ်ထားသည်။ကြားရတာတော့ မင်းကြီးတို့တွေ မခေါ်မပြောကြဘူးဆိုလား။

မင်းကြီးကလေ သူ့သိက္ခာတွေကို သိပ်ကြည့်တတ်တယ် အဲ့တာကြောင့်လည်း အားနည်းချက်တွေ ဖြစ်နေတာ။အဲ့အားနည်းချက်တွေကို သူမကလည်း ကောင်းကောင်းနင်းချေပစ်ချင်တာ။
မုန်းလို့ မဟုတ်ဘူးနော် သိပ်ချစ်လို့ မပိုင်ဆိုင်ရသေးတဲ့ချိန်မှာ ​ြခယ်လှယ်ချင်လှလို့။

အတ္တက အရှင့်ဆီမှာပဲ ရှိတာမဟုတ်ဘူး အရှင်။

ပတ်ဂျီမင်ဟာလည်း အယုံလွယ်တယ်။ ထိုနေ့ကပေါ့ မင်းကြီးကထိုကောင်လေးကို ခေါ်ပြီး နန်းဆောင်ရောက်လာခဲ့တယ်။ဘာလို့လဲ သူမ မသိခဲ့ဘူး နောက်တော့မှ ရုပ်လုံးပေါ်လာတာဟာ ပတ်ဂျီမင်ဆိုတာ သူမလုပ်ရပ်အတွက် သက်သေဆိုတာပဲ။

လန့်သွားမိတယ်။လက်တွေကလည်း ရုပ်ချည်းဆိုသလို အေးစက်နေလို့။ရှင်တို့ဆိုရင်ရော ပေါ်လုဆဲဆဲအဖြစ်မှန်တစ်ခုအတွက် တုန်လှုပ်ကြမှာပဲမဟုတ်လား။

ထိုအချိန်ဆုံလိုက်တဲ့မျက်လုံးလေးတွေက တော်တော်လည်း အပြစ်ကင်းနေတဲ့မျက်လုံးလေးတစ်စုံ။ဒါဟာ သူ့လမ်းပဲ သူနင်းလို့ရမယ့်လမ်းတစ်သွယ်။မိန်းမမာယာ သဲကိုးဖြာတဲ့ မာယာမဲ့မျက်လုံးလေးတွေကတော့ ယုံသွားရှာပြီ ထင်တယ် တန်းပြီးကို ငြင်း​ေလတယ်။

"ဟီဘင်းကြောင့် မဟုတ်ပါဘူး သူ့ဘာသာ ဘာမှမသိဘဲ သောက်ရခြင်း"ပါတဲ့။ပတ်ဂျီမင် နင်ဟာ ငါ့အတွက်တော့ လမ်းပဲ ယာယီအတွက်ပေါ့။

မင်းကို လမ်းကောင်းတစ်ခုဖြစ်အောင် အရင်ဆုံးဖောက်မယ် ပြီးရင်တော့ ငါဆိုတာဟာ ကော်ဇောခင်းပြီးတော့ကို လျှောက်လာမယ့် ဘုရင့်ရဲ့မူပိုင် မိဖုရားတစ်ပါးအဖြစ် လောကကြီးမှာ တည်ရှိနေမယ်။

"ဟီဘင်းမယ်မယ် အိမ်တော် ရောက်ပါပြီ"

အပြင်မှ ဆော်ဩသံကြောင့် ဝေါယာဉ်ပေါ်မှ သူမ ဆင်းလိုက်တော့ အိမ်တော်ရှေ့ကနေ စီးကြိုနေတာဟာ သူမရဲ့နှစ်ယောက်မရှိတဲ့ အကိုယွန်းဂီ။

The king's pride || Complete ||Where stories live. Discover now