အပိုင်း၅ Uni

1.2K 177 16
                                    

တစ်ဝက်နီးပါး ပေါ်ထွက်နေသော နေမင်း၏အလင်းတန်းသည် သူညကဖွင့်ထားခဲ့တဲ့ ပြတင်းတံခါးငယ်လေးဆီမှ လှဲနေခဲ့ရာ မွေ့ယာတွေဆီ ဖြန့်ကျလာခဲ့တဲ့အခါ နှိုးနေသူက ထဖို့အဆင်သင့်ဖြစ်နေခဲ့ပြီ။

နွေဉီးရဲ့ အစပျိုးရာနေ့ရက်တို့သည် သူ့အတွက်တော့ပူနွေးတဲ့ ဘက်ခြမ်းကို ရောက်ရှိနေပြီ။သို့ပေမယ့် အအေးဓာတ်ခံကတော့ ရှိနေသေးသည်။

ဒါဆို ညကမြင်ခဲ့ရတဲ့ မင်းကြီးကရော ဘာလို့များချွေးတွေ တဒီးဒီး နဖူးပေါ်တွင် နေရာယူထားပါလိမ့်။ မတော်တဆ မြင်ခဲ့မိတဲ့ မျက်ရည်စလေးတွေ​ကြောင့်များလား။

လောကမှာ အကြံ့ခိုင်ဆုံးလူတွေကပဲ လူကွယ်ရာမှာ ပျော့ညံ့ဆုံးသူတွေ ဖြစ်နေတတ်တာ မိခင်ဖြစ်သူ ပြောပြဖူးတဲ့ ဖြစ်ရပ်မှန်လိုလို ပုံပြင်လိုလိုလေးတွေကြောင့် ကြားဖူးနားဝ ရှိနေမိသည်။

အတွေးတွေဆီမှ တိုးထွက်ပြီး ပစ္စုပ္ပန်ကို ရောက်လာခဲ့တဲ့အခါ ခန္ဓာက ဆီးကပ်နေသည်။ပေါ့ပါးအောင် ကိုယ်ကို သန့်စင်ချင်ပေမယ့် ဘယ်ကိုသွားရမှန်းပင် မသိ။ထို့ကြောင့် ဟိုဆော့ဟျောင်းကို အကူညီတောင်းရန် တံခါးဖွင့်လိုက်လေတော့ မနေ့ညက သူခြုံပေးခဲ့တဲ့စောင်နဲ့ ကိုယ် တစ်လှံစာလောက်ကွာကာ အိပ်ပျော်နေတဲ့ ဟိုဆော့ဟျောင်း။

မနှိုးရက်တော့ တော်တော်ပင်ပန်းနေရှာမှာပေါ့ နေ့ရောညပါ သူ့ကို စောင့်ရှောက်နေရ​​တာ။

ထိုအချိန် အပျိုတော်လေးတွေ တန်းစီကာ သူ့ဆီ ရောက်လာကြသည်။

ဟိုဆော့ဟျောင်း နိုးသွားမည်စိုး၍ တိုးတိတ်စွာ ဆိုရန် လက်ညိုးအား နှုတ်ခမ်းတွေနှင့် ကပ်ကာ ရှူး ဆိုသည့် အသံလေးနဲ့ ဟန့်တားလိုက်သည်။

ထိုအခါ အိပ်ပျော်နေသူ ဟိုဆော့ဟျောင်းကို မြင်သွားကြ၍ တခစ်ခစ်နဲ့ကို ရီကြသည်။အသံတွေကတော့ မကျယ်။

ကွာနေတဲ့ စောင်ကို ပြန်ခြုံပေးလိုက်ပြီး သူအလိုရှိရာကို တောင်းဆိုဖို့ပြင်လိုက်သည်။

"အပျိုတော်လေးတို့ ပြောရမှာ အားနာပေမယ့်လေ ကျွန်တော် ရေချိုးချင်လို့ ချိုးမယ့် နေရာကို လမ်းပြပေးနိုင်မလား။"

The king's pride || Complete ||Donde viven las historias. Descúbrelo ahora