အပိုင်း ၁၅ uni

1K 135 7
                                    

အပ်ချုပ်ဆရာပါ တရှပ်ရှပ်သော ခြေသံပိုင်ရှင်ဟာ....

အရာရာတိုင်းဟာ သိပ်လှသည်။
အရာရာတိုင်းဟာ စိုပြေသည်။
အရာရာတိုင်းဟာ တင့်တယ်လွန်းသည်။

သို့သော် ထိုအရာရာတိုင်းဟာ အချစ်ခံလေးဆီမှာ.....။

ဖွင့်ပြောလိုက်ဖို့ရာ ဆုံးဖြတ်ပြီးပြီးရယ်။ဒါကြောင့်လည်း သူ့ရဲ့အကူအညီတောင်းခံရာညီတော်ဂျောင်ကုကို ပြောပြဖို့ စာဖတ်ဆောင်ဘက် တက်တက်ကြွကြွ ချီတက်ခဲ့တာ။

ရေစက်တွေက သိပ်လှတယ် သူ့ရဲ့အရာရာ၊ သူ့အချစ်ခံလေးရဲ့ ကျောပြင်လေးက မျက်ဝန်းတွေထဲ တစ်ပြိုင်နက်ကို ဝင်ရောက်လာသည်အထိကို သိပ်လှပါသည်။

ဖော့လိုက်တဲ့ ခြေလှမ်းတွေအပြင် အသက်ရှူသံပင် ခဏလောက်ရပ်ကာ တိုးကပ်သွားရာ အနားသို့ရောက်လျှင်ပင်  မိုး​ေလအေးရဲ့ဒဏ်ကြောင့် နီတွတ်နေတဲ့ နားလေးထံ တိုးကပ်လိုက်မိ၏။

"ဟျောင်း....."
တွန့်ကနဲသော ကိုယ်လေး။ နောက်တော့ ချက်ချင်းလှည့်ကြည့်လာသည်။ထိုချိန်ခါဝယ် နှာတံခပ်စင်းစင်းနှစ်ခုမှာ ထိကပ်သွားရ၏။

မျက်လုံးလေးတွေပင် ဝိုင်းလာတဲ့ ဟျောင်းက နောက်သို့ဆုတ်ဖို့ရွယ်သည်။ရာသီဉတု သူ့ဘက်ရှိနေသလိုပင် ထင်ရလောက်အောင် ဟျောင်း ကိုယ်လေး နောက်လဲကျချိန် ကျွန်တော့်လက်တွေက ဆွဲဖက်ပြီးသား။

ကျွန်တော့်လက်တွေ နေရာယူနေတဲ့ ခါးသိမ်သိမ်လေးကိုလည်း တခဏချင်းပင် ချစ်မိသွားရ၏။ဟျောင်းကိုတော့ အတိုင်းအဆမဲ့တယ်။

"အပ်ချုပ်ဆရာကင်...."
ပါးလေးတွေရဲတက်လာပုံက အရင့်အရင်သော ၇နှစ်တာ ကာလရှည်က ဟျောင်းလိုပဲ ထပ်တူညီတယ်။

"ထယ်ယောင်း လို့ပဲ ခေါ်စေချင်တယ် ရမလား ဟျောင်း"
ဟျောင်းက ခေါင်းတွေခေါက်တတ်တာ၊ မထင်မထင်သလို ကျောကော့အောင် ရိုက်တတ်တာကို သူမေ့ထားပြီး အခွင့်အရေးတွေကို ရလျှင်ရသလို ယူကာ မေးလိုက်သောအခါဝယ်။

"အား....ဟျောင်း"
လက်မောင်းတွေက လိမ်ဆွဲခံလိုက်ရပြီ ဒီလိုလေးလဲ ဟျောင်းက လိမ်ဆွဲတတ်သေးတယ်။

The king's pride || Complete ||Donde viven las historias. Descúbrelo ahora