Part-2 (Uni / Zawgyi)

22K 1.4K 48
                                    

ဝမ်ရိပေါ် ခုရောက်နေတဲ့နေရာက Club ထဲမှာပင်။ မနေ့ကပင် ပါးပါးက ကျောင်းဖွင့်တာ တစ်ပတ်ပြည့်တာတောင် ခုထိသူကျောင်းမသွားသေးတာကြောင့် ဆူပူပြီး တစ်ပွဲတစ်လမ်းနွှဲလာရသည်။ ကျောင်းရောက်တော့လည်းအခုမှတွေ့တဲ့ ရှောင်းကျန့်အပေါ်လုပ်ချင်ရာလုပ်ခဲ့ပြီး ကျောင်းခန်းထဲ ဖင်ပူအောင်တောင်မထိုင်ဘဲ ထိုင်နေကျ clubကိုရောက်လာတာသည်။

Clubဆိုတာမျိုးက ဘယ်တုန်းကမှ မနက်ပိုင်းမဖွင့်ပင်မဲ့ ရိပေါ်တို့ဝင်ချင်ရင်တော့နေ့ညဆိုတာမရှိ။မနက်ခင်းမို့ clubတစ်ခုလုံး ဘယ်သူမှမရှိဘဲ ရှင်းလင်းနေသည်။သူကတော့ရောက်တာနဲ့ အမြဲငှားထားတဲ့အခန်းထဲသို့သာဝင်သွားလိုက်သည်။

သူတို့သူငယ်ချင်းသုံးယောက်ကတော့ ဘာလုပ်လုပ်အမြဲတပူးပူးတတွဲတွဲ။ရန်ဖြစ်လဲအတူတူ ၊ club တက်လည်းအတူတူ။မကောင်းတာမှန်သမျှအကုန် တိုင်ပင်စရာမလိုအောင်ကို လူညီလွန်းသည်။ အခုလည်း သူကျောင်းပြေးတော့ ဟိုနှစ်ယောက်က နောက်ကလိုက်လာလေရဲ့။

သူကတော့ ကျောင်းထဲကထွက်ထဲက တစ်နေရာဝင်ပြီး အဝတ်စားအကုန်လဲလာပြီးသားမို့ ပြသာနာမရှိပေ။

ဝမ်ရိပေါ် အခန်းထဲ ရောက်တာနဲ့ ဆိုဖာပေါ်ခြေပစ်လက်ပစ် လှဲချလိုက်ပြီး ဂိမ်းဆော့ဖို့ ဖုန်းထုတ်လိုက်သည်။ဒါကိုမြင်တဲ့ ယွီပင်းက ညည်းညူလာပြီး

" မင်းဟာကလဲ clubလာပြီး ဂိမ်းဆော့ရတယ်လို့ကွာ၊ ကျောင်း​ပြေးရတာ feel မရှိလိုက်တာ "

ဝမ်ရိပေါ် သူရှေ့က ယွီပင်းကိုခြေထောက်နဲ့လှမ်းကန်လိုက်ပြီး

" မင်းကြီးတော် ခုချိန်ဘာရှိလို့ ငါကဘာလုပ်နေရမှာလဲ။ကျောင်းမတက်ချင်လို့ပြေးလာပါတယ်ဆိုမှ မင်းသောက်ချင်ရင် လှမ်းမှာလိုက် အာရုံတော့လာမစားနဲ့ "

" ပြီးရော ငါမနက်ပိုင်းကြီးမို့ မမှာတဲ့ဟာ မင်းခွင့်ပြုရင်ပြီးတာပဲ ငါမှာလိုက်မယ်"

ယွီပင်းက ရွှတ်နောက်နောက်နဲ့ပြောလာတာမို့ ဝမ်ရိပေါ် ခေါင်းထောင်ကြည့်ပြီး နှုတ်ကနေ လှမ်းဆဲလိုက်တယ်။

" ဒီ Bitch! ကတော့ ကိုယ်သောက်ချင်သောက်ချင်တယ်မပြောဘူး ငါ့လာပြီးလွှဲချနေတယ်။ ဆောင့်ကန်လိုက်လို့ အခန်းပြင်လွင့်ထွက်သွားမယ် "

ᴍʏ ᴏᴍᴇɢᴀ ɪs ᴍʏ ᴡɪғᴇ [Completed ]Donde viven las historias. Descúbrelo ahora