Part-3 (Uni/ Zawgyi)

23.8K 1.4K 63
                                        

ရှောင်းကျန့် ကျောင်းကိုလာတဲ့တစ်လျှောက်လုံး ကားပေါ်မှာဘာစကားတစ်ခွန်းမှမဟ။ သူ့လိုပဲဝမ်ရိပေါ်ကလည်း ဘာတစ်ခွန်းမှမဟ။ လာတဲ့လမ်းတောက်လျှောက်ကိုငေးရင်း လိုက်ပါလာခဲ့တာ ကားက ကျောင်းဝန်းထဲ parking ထိုးမှ ပတ်ဝန်းကျင်ကို သတိထားမိတော့သည်။

သူလည်း ကျောင်းထဲရောက်တာနဲ့ ဝမ်ရိပေါ်ကို စောင့်မနေပဲ ကားတံခါးဖွင့်ကာ ထွက်ခဲ့လိုက်သည်။သူနဲ့ကိုယ်က ဘာပတ်သတ်မှုမှ ရှိတာမဟုတ်ဘဲနဲ့ ခုလိုပိုင်စိုးပိုင်နင်းလာလုပ်နေတာတွေကို သူသဘောမကျ။ မနေ့တနေ့ကမှတွေ့ပြီး သူ့အကြောင်းလည်း ကိုယ်မသိသလို ကိုယ့်အကြောင်းလည်း သူမသိ။ ဒါကိုများဘာလို့ ခုလိုမျိုး လိုက်လုပ်နေလဲ ကိုယ်မသိပါ။

သူ့ရှေ့ကနေအရင်ကျောင်းပေါ်တက်သွားပြီးတာနဲ့ ကိုယ့်ရဲ့ loker ထဲက ဒီနေ့အတွက်လိုအပ်တဲ့ စာအုပ်အချို့ကိုထုတ်ယူလိုက်သညါ။loker သော့ခတ်ပြီးနောက်အလှည့် သူ့နောက်မှာတွေ့လိုက်ရတဲ့မျက်နှာကြောင့် လန့်သွားကာ နှလုံးပါတုန်တက်သွား၏။

သူကတော့ ကိုယ့်နောက်မှ ဘယ်အချိန်ထဲက ရောက်နေမှန်းမသိ။ ဘောင်းဘီအိပ်ကပ်ထဲ လက်နှစ်ဖက်ထည့်ကာ ကိုယ့်ကိုသေချာကိုစိုက်ကြည့်နေခဲ့တာ။ပါးစပ်ထဲမှာလည်း ပီကေကိုတဖောက်ဖောက် ဝါးနေပြီးသူ့ကိုကြည့်နေတဲ့အကြည့်တွေက စားမတက်ဝါးမတက်။ ဘေးနားမှာ လူတွေရှိနေတာကိုလည်း ဂရုမစိုက်စွာ စိုက်ကြည့်နေပုံက တစ်ကယ်ကို ဂျစ်တစ်တစ်ပင်။

ရှောင်းကျန့်သူ့ကို အဲ့လောက်စိုက်ကြည့်နေတဲ့သူကြောင့် အာရုံနောက်လာပြီး ရှောင်ထွက်မည်အပြု ကိုယ့်ရှေ့ကိုအတင်းတိုးလာတာမို့ ကိုယ့်မှာနောက်ဆုတ်ရင်း loker နဲ့ခေါင်းနဲ့ ကပ်သွားတဲ့အထိ။ သူ့ဘောင်းဘီအိပ်ကပ်ထဲက လက်တစ်ဖက်က နောက်က lokerကို​လက်လှမ်းထောက်လိုက်တာမို့ ကိုယ့်မှာ lokerနဲ့ သူ့ရင်ဘက်ကြား ညှပ်နေကာ သူ့ရင်ခွင်ထဲ ရောက်သလို ဖြစ်နေသည်။ရှောင်းကျန့် ဝမ်ရိပေါ်ရဲ့အပြုအမူတစ်ချင်းစီတိုင်းကို တစ်ကယ်နားမလည်နိုင်တော့ဘူး။ သူ့ကို ဘာအတွက် ဒီလိုတွေလာလုပ်နေလဲ နားမလည်နိုင်ပါ။

" ဝမ်ရိပေါ်! မင်း ငါ့ရှေ့ကဖယ် ဘာလို့ ဒီလိုတွေ လာလုပ်နေတာလဲ။ မင်းဒီလိုတွေ လာလုပ်နေတာကို ငါသဘောမကျဘူး ဖယ်ရှေ့က "

ᴍʏ ᴏᴍᴇɢᴀ ɪs ᴍʏ ᴡɪғᴇ [Completed ]Nơi câu chuyện tồn tại. Hãy khám phá bây giờ