Part- 6 (Uni / Zawgyi)

20.9K 1.2K 48
                                    

ဒီနေ့ ယွီပင်းနဲ့ဟောက်ရွှမ်း မြင်မြင်သမျှအကုန်ထူးဆန်းနေတယ်။ ဘာလို့ဆို ဝမ်ရိပေါ်ဆိုတဲ့ လူဆိုးကောင် ကျောင်းလွယ်အိတ်ထဲ စာအုပ်တွေစုံလင်အောင် ထည့်လာတာကြောင့်ဖြစ်တယ်။ အရင်က လွယ်အိတ်ထဲမှာဆို ဆေးလိပ်ဘူး၊ပိုက်ဆံအိတ်၊ ဖုန်းနဲ့ တခြားတိုလီမုတ်စ အသေးအဖွဲတွေသာပါတဲ့ဝမ်ရိပေါ်က အခုစာအုပ်တွေဘယ်ချောင်ကပြန်ရှာပြီး ကောက်ထည့်လာလည်းမသိ။

ပိုပြီးထူးဆန်းတာက အတန်းချိန်တစ်ချိန်မှ မပျက်ဘဲ စာကိုစိတ်ဝင်တစားလိုက်မှတ်နေခြင်းပင်။ စကားပြောတော့လည်း ပြန်မဖြေဘဲ သူတို့နှစ်ယောက်ကို ဥပေက္ခာပြုထားတယ်။ ဟောက်ရွှမ်းကဝမ်ရိပေါ်ရဲ့ ပြောင်းလဲနေမှုကို တကယ်မယုံကြည်နိုင်ဖြစ်နေတာပင်။သူ့ကိုယ်သူအိမ်မက်ထဲရောက်နေတယ်ထင်လို့ ပါးတွေချည်းလိမ်လိမ်ဆွဲနေတာ။

" ဒီကောင်မနေ့ညက တစ်ခုခုဖြစ်သွားသေးလား"

ဟောက်ရွှမ်းသူ့ဘေးကဝမ်ရိပေါ်ကို တကယ်မယုံနိုင်ဖြစ်ပြီး ဟိုဘက်ခုံက ယွီပင်းကိုလှမ်းမေးနေခြင်းပင်။ယွီပင်းကခေါင်းခါပြကာ

" ငါနဲ့သောက်ပြီးတော့ အပေါ်ကိုအရင်တက်သွားတာပဲလေ သူတစ်ခုခုဖြစ်သွားလား ငါမသိဘူး!"

" မင်းကလည်း သူနဲ့နောက်ဆုံးကျန်ခဲ့ပြီး ဒါလေးတောင်မသိဘူး!

" အံမယ်! ငါ့လာအပြစ်တင်နေတယ် မင်းအရင်မွှန်ပြီးတက်သွားတာမဟုတ်ဘူးလား! ဘာလို့ငါ့ဘဲ လာအပြစ်ပြောနေတာလဲ! "

ဟိုဘက်ကနှစ်ကောင်ရန်ဖြစ်နေတာကိုကြားပေမယ့် ဝမ်ရိပေါ်အရေးမလုပ်။ နေ့လယ်အတန်းချိန်ပြီးတာနဲ့ စာအုပ်တွေလွယ်အိတ်ထဲ ကောက်ထည့်ပြီး ဆိုင်ကယ်သော့ ကောက်ဆွဲကာ အခန်းထဲကထွက်လာလိုက်တယ်။ ယွီပင်းနဲ့ဟောက်ရွှမ်းမှာ လေအလျင်လိုထွက်သွားတဲ့ရိပေါ်နောက်ပြေးလိုက်ကာ

" ရိပေါ်! ငါတို့ကိုတောင်မစောင့်ဘူး ဘယ်သွားမလို့လဲ "

" ကိစ္စရှိလို့! "

" အရေးကြီးလား ငါတို့လည်းလိုက်ခဲ့မယ်လေ"

" မလိုဘူး! နေခဲ့"

ဝမ်ရိပေါ် ဆိုင်ကယ်ပေါ်ခွတက်သွားပြီး helemetဆောင်းကာ အရှိန်နဲ့မောင်းထွက်သွားတာမို့ ယွီပင်းတို့နှစ်ယောက်ရှောင်ပေးလိုက်ရတယ်။

ᴍʏ ᴏᴍᴇɢᴀ ɪs ᴍʏ ᴡɪғᴇ [Completed ]Место, где живут истории. Откройте их для себя