Part-5 (Uni / Zawgyi)

17.5K 1.2K 20
                                    

ဝမ်ရိပေါ် ဖိုးဖိုးအိမ်ရောက်ပြီး သိပ်မကြာ ယွီပင်းရဲ့အဆွယ်ကောင်းမှုကြောင့် club ကိုရောက်လာချလာပြန်တယ်။ ဒီတစ်ခါတော့ အခန်းထဲမှာမဟုတ်ဘဲ dancing floor မှာ ကဲနေတဲ့ ဟိုနှစ်ကောင်ကြောင့် ယူထားတဲ့ဝိုင်းမှာဘဲ ဝီစကီလေးသောက်ရင်းဟိုနှစ်ကောင်ကိုထိုင်စောင့်နေလိုက်တယ်။ဘယ်အချိန်ထဲက ရောက်နှင့်နေမှန်းမသိတဲ့နှစ်ကောင်က တော်တော်ကိုရေချိန်ကိုက်နေပြီ။ မိန်းမပျိုတစ်သိုက်ကြား ပျော်မြူးနေပုံမှာ ပတ်ဝန်းကျင်ကိုမေ့နေပုံရတယ်။ ကိုယ်လဲ တစ်ယောက်ထဲရှိနေချင်သေးတာနဲ့ သွားမခေါ်ဘဲ ဒီတိုင်းလွှတ်ထားလိုက်တယ်။ခဏကြာတော့ စော်တစ်ယောက်တစ်ဖက်နဲ့ သူရှိတဲ့ဝိုင်းပြန်ရောက်ချလာလေရဲ့။

သူကတော့ သူ့အပူနဲ့သူမို့ ရှေ့ကအရက်ခွက်ကိုဘဲ တစ်ခွက်ပြီး တစ်ခွက်မော့နေလိုက်တယ်။သူ့ဘေးနားက နမ်းရှိုက်ပြီး ပွတ်သပ်နေသံတွေကိုလဲ မကြားချင်ယောင်ဆောင်ထားလိုက်တယ်။

" ရိပေါ် လက်ကဒဏ်ရာသက်သာသွားပြီလား "

" အင်း"

" မင်းသောက်နေတာများနေပြီ တော်ကြာကားမမောင်းနိုင်ဘဲနေဦးမယ် "

ယွီပင်းအပြောကို မကြားချင်ယောင်ဆောင်ပြီး နောက်တစ်ခွက်ထပ်ငှဲ့တယ်။ ဟောက်ရွမ်းကတော့ တော်တော် ဇာတ်ရှိန်တက်နေပုံရတယ်။ညစ်နေရတဲ့ကြားထဲ လူကြားထဲ လာပြီး သာယာပြနေတဲ့ဟာတွေကို ရိပေါ် ဝိုင်းကနေမောင်းထုတ်လိုက်တယ်။

" ဟေ့ကောင်တွေ ဒါကလူမြင်ကွင်း အဲ့လောက်ဖြစ်နေရင်အခန်းထဲသာသွားကြ "

ဟောက်ရွှမ်းဆီကအသံပြန်မလာ။ယွီပင်းကတော့ လွှတ်ထားလိုက်ဆိုတဲ့ပုံစံမျိုးနဲ့ မသိချင်ယောင်ဆောင်ပြီး ဆက်သောက်တယ်။ မသိချင်ယောင် ဆောင်မနေနိုင်တာကတော့ ရိပေါ်ဘဲ။ သူ့ရှေ့ကဆိုဖာပေါ်ဖြစ်ပျက်နေတဲ့နှစ်ယောက်ကို အရက်သောက်ရင်း စိမ်ပြေနပြေကိုထိုင်ကြည့်နေလိုက်တယ်။ အဲ့လောက်ဖြစ်နေတဲ့ဟာတွေ။အခု နမ်းရှိုက်နေတဲ့ကောင်မလေးက ဟောက်ရွှမ်းရဲ့ နောက်ထပ်အသစ်တစ်ယောက်။ မနေ့တနေ့ကတစ်ယောက်က ဘယ်လိုတွေတောင်ဖြစ်သွားကြပြီလဲမသိ။

ᴍʏ ᴏᴍᴇɢᴀ ɪs ᴍʏ ᴡɪғᴇ [Completed ]Hikayelerin yaşadığı yer. Şimdi keşfedin