Part-23( Uni / Zawgyi)

18.2K 1.1K 46
                                        

ရိပေါ် စိတ်ဆိုးမာန်ဆိုးနဲ့ မောင်းလာလိုက်တာ အိမ်ကိုတစ်ခဏအလေးအတွင်း။ ကားကို အိမ်ရှေ့မှာ ဖြစ်သလိုရပ်ခဲ့ပြီး ရှောင်းကျန့်ကို ဆွဲခေါ်လာမိတာက သူ့တို့အိပ်ခန်းရဲ့ ဧည့်ခန်းဆိုဖာပေါ်မှာ။ ကိုယ်ပစ်တင်လိုက်တဲ့အတိုင်း ဆိုဖာပေါ်မှာ ချောင်ကပ်ပြီး ခန္ဓာကိုယ်ကိုတစ်ခြမ်းလွှဲထိုင်ကာ နှုတ်ခမ်းကိုဆူထော်ပြီး ကောက်နေသေးတယ်။ရိပေါ်သူ့ရှေ့မှာ ဟိုဘက် ဒီဘက်လျှောက်ရင်း တောက်တခေါက်ခေါက်ဖြစ်နေကာ ခုနက ကိစ္စကို မကျေမနပ်ဖြစ်နေမိတယ်။ တစ်ခုခုဆို ကိုယ့်ယောက်ကျားဘက်က ပါမယ်မရှိဘူး။ တစ်စိမ်းဘက်က ကာဆီး ကာဆီး။ အဲ့ကြာလီအကောင်က သူ့အပေါ် ဘယ်လောက်တောင်ကောင်းပေးနေလို့လဲ။ ကိုယ်နဲ့ လက်ထပ်ထားတာဘဲ တစ်နှစ်ပြည့်တော့မယ်။မနေ့တနေ့ကမှ တွေ့တဲ့ကောင်ပေါ် ကားဆီးနေလိုက်တာဆိုတာမပြောချင်ဘူး။ လုံးဝကို မကျေနပ်ဘူး။

" တောက်! "

ရိပေါ် စိတ်ထဲက မကျေနပ်မှုတွေကို အပြင်မှာပါ အသံခပ်ပြင်းပြင်းနဲ့ တောက်ခေါက်လိုက်မိသည်။ ရှောင်းကျန့်ကတော့ ငိုနေရင်း ဝမ့်ရဲ့ တောက်ခေါက်သံကြောင့် ခန္ဓာကိုယ်လေး လန့်ကာ တုန်သွားမိသည်။ ဆူပူချင်လဲ ဆူပူ ကြိမ်းမောင်းချင်လဲ ကြိမ်းမောင်းလိုက်တာမဟုတ်ဘဲ အဲ့လို ဟန်ရေးပြင်နေတာကို ရှောင်းကျန့်က ပိုကြောက်သည်။ဝမ်က တဇွတ်ထိုးသမား။ ဒေါသထွက်ရင် သူ့မျက်လုံးထဲ ဘာမှမြင်တာမဟုတ်ဘူး။ ဦးနှောက်က အဲ့လိုချိန်မျိုးဆို ဘာမှသုံးစားမရအောင် ချောင်သွားတာ။အခုလိုမျိုး စဥ်းစားပြီး သူရှေ့ ဟိုလျှောက် ဒီလျှောက်လုပ်နေတာက ဝမ့်ရဲ့ပုံစံမဟုတ်။ သူလဲကျန်တဲ့အချိန်သာဆိုးရဲတာ။ အခုလို ဒေါသထွက်နေချိန်မျိုးဆို အရမ်းကြောက်ပါသည်။ အပြင်ကသာ မကြောက်တဲ့ပုံစံမျိုးနဲ့ ပေကပ်ကပ်လုပ်နေပေမယ့် တစ်ကယ့်စိတ်ထဲမှာတော့ သူများကိုယ့်ကို ရိုက်လိုက်ရင် ဆိုတဲ့အတွေးနဲ့ ကြောက်နေမိသည်။

ရိပေါ် ခေါင်းငုံ့ပြီး တစ်ဖက်လှည့်ထိုင်နေတဲ့သူရှေ့ ခါးထောက်ပြီး မပ်တပ်သွားရပ်တော့ သူ့ကို မော့ကြည့်လာတဲ့ မျက်ဝန်းနက်တွေ။ နှုတ်ခမ်းဆူပြီး သူ့ကို မကြည်ကြည့်,ကြည့်နေသေးသည်။ အဲ့လိုအမူရာတွေကြောင့်ဘဲ ရိပေါ်ဆူမယ့် စကားလုံးတွေ လည်ချောင်းထဲတင် ပြန်မျိုချလိုက်ရသည်။ခုနက ထွက်နေတဲ့ ဒေါသတွေကလဲ ကြက်ပျောက် ငှက်ပျောက်။ ရှောင်းကျန့်ကလဲ သူ့ကိုမော့ပြီး စိုက်ကြည့်နေသလို သူကလဲ ငုံ့ပြီးစိုက်ကြည့်နေလိုက်သည်။ ပြီးမှ ဒေါသသံလဲမဟုတ်၊ ညင်သာတဲ့အသံနဲ့လဲမဟုတ်ဘဲ လေသံခပ်တည်တည်နဲ့ သူ့နာမည်ကို ခေါ်လိုက်သည်။

ᴍʏ ᴏᴍᴇɢᴀ ɪs ᴍʏ ᴡɪғᴇ [Completed ]Opowieści tętniące życiem. Odkryj je teraz