Part-37 (Uni / Zawgyi)

11.3K 796 25
                                    

ရှောင်းကျန့်ဆိုင်အတွင်းမှာရှိတဲ့ ခလေးပစ္စည်းမျိုးစုံနဲ့ ခလေးအိပ်မွေ့ယာလေးကို သူ့စိတ်ကြိုက် ရှာဖွေနေသည်။ ရိပေါ်ကလည်း ဘေးကနေလိုက်ထိန်းရင်း ကူရွေးပေးနေသည်။ ညကတစ်ညလုံး လိုက်မပို့ဘူးဆိုလို့ မအိပ်ဘဲနှင့်ဆန္ဒပြသည်။ ရှောင်းကျန့်မအိပ်ပဲကုတင်ပေါ်မှာသူ့ကိုနောက်ကျောပေးပြီး ငုပ်တုပ်ထိုင်နေတော့ ရိပေါ်လည်းမအိပ်ရ။ သူမအိပ်မချင်း အိပ်ဖို့ဘေးမှာထိုင်ချော့နေရသည်။ နောက်ဆုံးရိပေါ်လည်း အရှုံးပေးလက်မြှောက်ကာ အလျော့ပေးလိုက်ရသည်။

စော်အောလေးအတွက် ဝယ်ပေးနေတဲ့ ရှောင်းကျန့်မျက်နှာက ညတုန်းကနဲ့လားလားမှမဆိုင်။ ရှောင်းကျန့်ဖိနပ်သေးသေးလေးတွေကို ကိုင်ရင်း အူယားလာကာ အကုန်လုံးကို ခြင်းထဲထည့်ပစ်နေသည်။ ရှောင်းကျန့် ရှိသမျှဖိနပ်တွေခြင်းထဲအကုန်ကောက်ထည့်နေတာကြောင့်

" ဘေဘီ အဲ့လောက်အများကြီးဘာလုပ်ဖို့လဲ "

" ဘာလုပ်ရမှာလဲ စော်အောအတွက်ပေါ့ "

" စောအောက ငယ်သေးတယ် အဲ့တာတွေအကုန်စီးနိုင်မှာမဟုတ်ဘူးလေ ။ ဖိနပ်ထက်အရေးကြီးတဲ့တခြားအရာတွေဝယ်ရမယ် "

" ငါ့ကိုဆရာကြီးလာမလုပ်နဲ့ ဒါလေးဝယ်ပေးရမှာကို မင်းကတွန့်တိုနေတယ်ပေါ့ ။ရတယ်! မင်းပိုက်ဆံထုတ်စရာမလိုဘူး။ ငါ့ကတ်နဲ့ငါရှင်းမယ်ရပြီလား "

" မဟုတ်ဘူးလေ ကိုယ်ပြောတာက.. "

" ပါးစပ်ပိတ်ထား! "

ရိပေါ်ပြောလို့တောင်မဆုံးသေးခင် ပိတ်ဟောက်ခံလိုက်ရသည်။ ကိုယ်က ကိုယ့်သားသမီးအတွက်ဝယ်တာ မဝယ်ပေးချင်ဘဲရှိပါ့မလား။ လိုချင်ရင် တစ်နိုင်ငံလုံးကဆိုင်တွေမှာပါ ပတ်ဝယ်ပေးပစ်နိုင်တယ်။အခုဟာက ခလေးသေးသေးလေးက ဘယ်လိုလုပ်အဲ့တာတွေစီးနိုင်မှာလဲ ခြေစွပ်လေးတွေအဓိက ထားဝယ်ရမယ့်ဟာကို။ ပြောပြတော့လည်းနားမထောင်။ ညကကိစ္စကို အခုထိမကျေနပ်သေးတာ သိသာတယ်။ အခုတောင်သူ့ဘာသာသူ လမ်းလျှောက်နိုင်တာမဟုတ်ဘဲနဲ့ ဘေးကလူတွဲပါမှအဆင်ပြေတဲ့ဟာ။ ကိုယ်လိုက်မပို့ပေးချင်တာ အပြစ်ဖြစ်တယ်။

ᴍʏ ᴏᴍᴇɢᴀ ɪs ᴍʏ ᴡɪғᴇ [Completed ]Donde viven las historias. Descúbrelo ahora