ရှောင်းကျန့်ဆေးရုံက အပြန်လမ်းမှာ ရေခဲမုန့်ဆိုင်ရှေ့ကားရပ်ခိုင်းကာ ဆင်းလိုက်တယ်။ သူအခုချိန်မှာ စိတ်ဖိစီးနေတာမို့ အချိုအနည်းငယ်စားဖို့ ဆိုင်ထဲဝင်သွားလိုက်တယ်။ ကောင်တာမှာ cream များများနဲ့ cake ရယ် ရေခဲမုန့် ရယ်မှာပြီး ဆိုင်ရဲ့ လူရှင်းတဲ့ ဘက်အခြမ်းရွေးထိုင်လိုက်တယ်။ ခဏနေ လာချပေးတဲ့မုန့်ကို စားနေရင်း ဖုန်းကြည့်နေလိုက်တယ်။
" ရှောင်းကျန့် "
အသံလာရာကို မော့ကြည့်လိုက်တော့ ဟန်ရှင်း။သူ့စားပွဲရှေ့ လာရပ်နေတာမို့ ခေါင်းညိမ့်ပြီး နှုတ်ဆက်လိုက်တယ်။
" ကိုယ်ဝင်ထိုင်မယ်နော် "
" အာ!.."
လီရှင်းကအသိပေးပြီးတာနဲ့ သူ့ခွင့်ပြုချက်တောင်မစောင့်ဘဲ သူ့ဘေးခုံမှာ ဝင်ထိုင်တယ်။ လီရှင်းကို ရိပေါ်တင်မဟုတ်ဘူး သူလဲ သဘောမကျဘူး။ ဟိုတစ်ခေါက်ကဖြစ်တဲ့ကိစ္စမှာ လီရှင်းကပြသာနာကို အစပျိုးသူ ။ ပြီးတော့သူ့ကို သဘောကျကြောင်းလဲ ဖွင့်ပြောထားသူ။ ဒါကြောင့် သူမပတ်သတ်ချင်ဘူး။ ပြီးတော့ သူက အိမ်ထောင်သည်ဖြစ်နေပြီ။ ရိပေါ်သာ လီရှင်းနဲ့ပတ်သတ်နေတာသိရင် တော်တော် စိတ်ဆိုးသွားလိမ့်မယ်။ ဒါကြောင့်စားပြီး.မြန်မြန်ပြန်ဖို့ပဲ လုပ်လိုက်တယ်။
" နေကောင်းတယ်မလား ရှောင်းကျန့်"
" ဟုတ် ကောင်းပါတယ် "
" မင်္ဂလာဆောင်ပြီး မင်းက ကျောင်းပါထွက်သွားတော့ ကိုယ်မင်းကိုတွေ့ဖို့ အခွင့်ရေးတောင်မရခဲ့ဘူး "
" လီရှင်းနဲ့ ကျွန်တော့်ကြား တွေ့စရာ အကြောင်းမှ မရှိခဲ့တာ ၊ အရမ်းရင်းနှီးခဲ့တဲ့ သူတွေလဲ မဟုတ်တော့လေ "
ရှောင်းကျန့်စကားကြောင့် လီရှင်း မျက်စိမျက်နှာပျက်သွားပေမယ့် အမြန်ပြန်ထိန်းလိုက်ကာ
" မရင်းနှီးခဲ့တာ မဟုတ်ဘဲ ရင်းနှီးဖို့အချိန်မရခဲ့တာပါကွာ။ ဝမ်ရိပေါ်ကြောင့်သာမဟုတ်ရင် ကျွန်တော်တို့ ဒီထက်ကောင်းတဲ့ဆက်ဆံရေးတစ်ခုမှာရှိနေနိုင်တာဘဲလေ "
လီရှင်းရဲ့ မရှင်းမရှင်းစကားတွေကို ဆက်ပြီး နားမထောင်ချင်တော့တာမို့လို့ ပြန်ဖို့သာဦးတည်လိုက်တယ်။ ပြီးတော့ ဆေးရုံက ပြန်လာပြီးထဲက လူကနေလို့မကောင်းဘူး။ သွေးတွေ ထပ်ဆင်းနေပြီး ဗိုက်က ထပ်အောင့်လာတယ်။ ရှောင်းကျန့်အမြန်ပြန်ဖို့ဘဲ လီရှင်းကို နှုတ်ဆက်လိုက်တယ်။
VOCÊ ESTÁ LENDO
ᴍʏ ᴏᴍᴇɢᴀ ɪs ᴍʏ ᴡɪғᴇ [Completed ]
Fanfic🚨🚨 For yizhan only . Take care of your reading list. ခပ်ကြမ်းကြမ်းအသုံးနှုန်းများပါမှာမို့ sensitive သမားများ မဖတ်ဖို့ ကြိုတင် warning ပေးပါတယ်။ mature on ထားပါတယ်။ Mepreg ပါ။Possessive,rapeနဲ့ sex ခပ်ကြမ်းကြမ်းတွေပါတာမို့ သတိထားဆင်ခြင်ဖတ်ရှူစေချ...
![ᴍʏ ᴏᴍᴇɢᴀ ɪs ᴍʏ ᴡɪғᴇ [Completed ]](https://img.wattpad.com/cover/288402834-64-k720510.jpg)