ရိပေါ်တို့မနက်ရောက်တော့ မနက်စာ စားသောက်ပြီးတာနဲ့ ပေကျင်းကိုပြန်ဖို့အမြန်စီစဥ်ရတယ်။ပေကျင်းမှာ မင်္ဂလာပွဲအတွက် သူတို့ဘာမှကို မစီစဥ်ရသေးဘူး။ဒါကြောင့် အားလုံးထက် ရိပေါ်က စိတ်ပိုလောနေတယ်။
ခဏလောက်နေပါဦးမယ်ဆိုတာတောင် လက်မခံဘဲ ကားပေါ်ကို သူ့ယောက္ခမရဲ့ အထုတ်ပိုးတွေတင်ပြီး ရှောင်းကျန်နဲ့ နှစ်ယောက် အရင်ထွက်သွားနှင့်ကြတယ်။သူတို့လူကြီးတွေကတော့ နောက်ကနေဘဲဖြည်းဖြည်း ချင်း လိုက်သွားဖို့ လက်ခံလိုက်ကြတယ်။
ကားပေါ်က ရှောင်းကျန့်မျက်နှာကတော့ ဆူပုတ်နေပြီး သူ့ဘေးက ရိပေါ်ကိုလည်း စကားလုံးဝမပြော။ချက်ချင်းကြီး ကောက်ပြန်တာ အားမနာလျှာမကျိုး။လူကြီးတွေက နေပါဦးတားရင် ရိုသေသမှုနဲ့ စကားတော့နားထောင်ပေးသင့်တယ်။
ခုဟာက သူလုပ်ချင်ရာသူလုပ်တာ။လူကြီးတွေက သူ့လိုမျိုး ခရီးကို ဆက်တိုက်မသွားနိုင်ကြဘူး။ ဒါကြောင့် တစ်ရက်လောက် ဒီမှာနားဖို့ပြောကြတာ။သူကိုကအလောသုံးဆယ်။မင်္ဂလာပွဲကိုဘယ်သူက သူ့ကိုရိုက်ပြီး အတင်းစီစဥ်ခိုင်းနေလို့လဲ။
ဝမ်ရိပေါ် နေ့တစ်ဝက်ကျိုးတာတောင် သူ့ကိုစကားတစ်လုံးမှပြောမလာတဲ့ ရှောင်းကျန့်ကြောင့် စိတ်ကလုံးဝမကြည်ဘူး။ကောက်စရာမရှိ ကြံဖန်လာကောက်နေတယ်။ဒီလောက်လုပ်စရာတွေများနေတဲ့ဟာ။
သူတို့ ခန်းမလည်းမငှားရသေးဘူး။ဝတ်စုံတွေလည်း မအပ်ရသေးဘူး။နေဖို့အိမ်အတွက်လည်း စီစဥ်ရဦးမယ်။တစ်ကယ့်လုပ်စရာတွေမှ တစ်ပုံကြီး။ အဲ့တာကို ဟိုမှာ ထပ်မနေရလို့ဆိုပြီး လာကောက်နေတယ်။ပေကျင်းရောက်ရင် မတွေ့ရမှာ ကြနေတာပဲ။
" ဘေဘီ ဗိုက်ဆာနေပြီလား! "
" ဟင့်အင်း "
ရှောင်းကျန့်ဝမ်ရိပေါ်ကို တစ်ကယ် စကားလုံးဝမပြောချင်ဘူး။ဝမ်ရိပေါ် ကတော့ ကားမောင်းနေရင်း သူ့မျက်ခုံးတွေက စုကျုံ့လို့နေတယ်။ ရှောင်းကျန့်ကလည်း တစ်နေ့လုံးကောက်ပြီး ထမင်းလုံးဝမစား။ ရိပေါ်ကလည်းချော့ပြီးမကျွေး။ဒီလိုနဲ့ နှစ်ယောက်သား ဗိုက်အဆာခံပြီး မောင်းလာလိုက်တာ ညနက်တော့မှ အိမ်ပြန်ရောက်ကြတယ်။
ESTÁS LEYENDO
ᴍʏ ᴏᴍᴇɢᴀ ɪs ᴍʏ ᴡɪғᴇ [Completed ]
Fanfiction🚨🚨 For yizhan only . Take care of your reading list. ခပ်ကြမ်းကြမ်းအသုံးနှုန်းများပါမှာမို့ sensitive သမားများ မဖတ်ဖို့ ကြိုတင် warning ပေးပါတယ်။ mature on ထားပါတယ်။ Mepreg ပါ။Possessive,rapeနဲ့ sex ခပ်ကြမ်းကြမ်းတွေပါတာမို့ သတိထားဆင်ခြင်ဖတ်ရှူစေချ...
![ᴍʏ ᴏᴍᴇɢᴀ ɪs ᴍʏ ᴡɪғᴇ [Completed ]](https://img.wattpad.com/cover/288402834-64-k720510.jpg)