Part- 13 ( Uni / Zawgyi)

19K 1.1K 28
                                        

ရှောင်းကျန့် အဝတ်ခန်းထဲ အချိန်တော်တော်ကြာ အိပ်ပျော်သွားပြီးမှ ပြန်နိုးလာသည်။သူအဝတ်တွေစီထည့်နေရင်း အိပ်ပျော်သွားခဲ့တာ အချိန်ဘယ်လောက်ကြာသွားလဲမသိလိုက်။ ဆိုဖခုံမှထိုင်လိုက်ပြီး မှန်အပြင်ကိုကာထားတဲ့လိုက်ကာကို ဆွဲဖယ်လိုက်တော့ မှောင်တောင်မှောင်နေပြီ။ နေ့လည်နိုးထဲ သားရေစာတွေဘဲ စားထားတော့ ဗိုက်က တစ်ဖန်ပြန်ဆာလာတော့သည်။ ခုချိန်ထိရိပေါ်ကလဲမရောက်သေးဘူး။ အဝတ်ခန်းကနေအပြင်ထွက်လိုက်တော့ မှောင်မဲနေတဲ့ သူတို့ အိပ်ခန်းကြီး ။ မီးခလုတ်တွေနားသွားရင် မီးတွေကို လင်းထိန်နေအောင်ဖွင့်လိုက်သည်။

ပြီးတာနဲ့အောက်ထပ်ကိုဆင်းကာ ရေခဲသေတ္တာထဲ တစ်ခုခုရှိနိုးနဲ့ရှာဖွေနေလိုက်သည်။ သူစားချင်တဲ့ဟာ ဘာမှမရှိတော့မှ ရိပေါ်ကို တစ်ခုခုလှမ်းမှာဖို့ ဖုန်းထုတ်ဆက်လိုက်သည်။ ဝင်နေတဲ့ ဖုန်းလေးက တတီတီ။ တစ်ခါမကိုင် နှစ်ခါမကိုင်။ သုံးခါမြောက်ခေါ်တော့မှသာ ကိုင်တော့သည်။ ဖုန်းကိုင်လိုက်တာနဲ့ ဟိုဘက်က ကြားလိုက်ရတဲ့ သူ့ကိုစိတ်ပူနေတဲ့အသံလေး

" ဘေဘီ ဘာဖြစ်လို့လဲ! တစ်ခုခုအဆင်မပြေတာရှိလို့လား "

မေးလာတဲ့ တလက်ဆက်မေးခွန်းတွေ။

" ငါဘာမှမဖြစ်ဘူး ရိပေါ်! ဗိုက်ဆာလို့ ဘာမှမရှိလို့ မင်းပြန်လာရင် hot pot လေးဝယ်လာပေးခဲ့လို့ရမလားလို့မေးမလို့"

ဝမ်ရိပေါ်အသံတိတ်သွားသည်။ ရှောင်းကျန့်ကခုချိန်ထိ ဘာမှမစားရသေးဘူးလား! အသံတိတ်သွားတဲ့ရိပေါ်ကြောင့် ရှောင်းကျန့်က ရိပေါ် ဝယ်မလာပေးချင်ဘူးထင်သွားသည်။ဒါကြောင့်သူ့စကားကိုဘဲ အမြန်ပြန်ပြင်ပြောလိုက်သည်။

" နေနေ ရိပေါ် မင်းအခုပြန်မလာသေးဘူးဆိုလဲ ငါdeliနဲ့ဘဲ မှာလိုက်တော့မယ်"

ရှောင်းကျန့်ငြင်းတော့မှ ရိပေါ် စကားပြန်ပြောလိုက်သည်။

" မဟုတ်ဘူး ကိုယ်ဝယ်လာခဲ့မယ် ခုကားမောင်းနေလို့ ဒါဘဲနော်"

" နေအုံး! ရိပေါ်ခဏလေး"

ဖုန်းချခါနီးရိပေါ်ကို ရှောင်းကျန့်အမြန်တားလိုက်သည်။

ᴍʏ ᴏᴍᴇɢᴀ ɪs ᴍʏ ᴡɪғᴇ [Completed ]Donde viven las historias. Descúbrelo ahora