Part-35(Uni/Zawgyi)

12.4K 748 54
                                    

တစ်ပတ်ကြာပြီးနောက်မှာ ရိပေါ်ကျိရန်အတွက် လက်ဆောင်အချို့နဲ့ သတင်းလာမေးရင်း သူကိုယ်တိုင်လည်း ဆေးရုံမှာဝင်ပြီးဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးဖြစ်ခဲ့ကြတယ်။ရှောင်းကျန့်ကိုတော့တမင်မခေါ်လာဖြစ်ဘူး။နို့မို့စိုးရိမ်လွန်နေမှာကြောက်ရတယ်။ ရိပေါ်ကိုယ်တိုင် ဒီကိစ္စကိုလွန်ခဲ့သောလအနည်းငယ်လောက်ကတည်းက သိခဲ့တယ်။ အဲ့တုန်းထဲက သူထိန်းချုပ်ဆေးတွေကို ဆရာဝန်နှင့်တိုင်ပင်ပြီး သုံးစွဲခဲ့တယ်။တစ်ကယ်တော့ rut ဆိုတာ အယ်လ်ဖာတွေအတွက် ပုံမှန်မှာပါဘဲ။

ဒါကပြသာနာကြီးမဟုတ်ဘူး။ပြသာနာက သူ့အိမ်ထောင်ဖက်မှာခလေးရှိနေတာပဲ။ရိပေါ်အနေနဲ့ သူ့ရဲ့လေးငါးရက်တာကြာမြှင့်မယ့် rut အတွက် ခလေးနဲ့ရှောင်းကျန့်ကိုအထိခိုက်ခံမှာမဟုတ်ဘူး။ ဒါကြောင့် သူတခြားတစ်ယောက်ကိုငှားရမ်းဖို့စဥ်းစားခဲ့တာ။ ဟိုနေ့ညကအခြေနေကိုကြည့်ရင်တော့ ဒီကိစ္စကအဆင်မပြေနိုင်တော့ဘူးဆိုတာ သူသဘောပေါက်တယ်။ဒါကြောင့် သူတခြားသူကိုငှားရမ်းဖြစ်တော့မှာမဟုတ်ဘူး။

ဒါမှမဟုတ်လည်း ဆေးနဲ့ထိန်းနိုင်ရင်ထိန်း မထိန်းနိုင်ရင်တော့ သူကိုယ်တိုင်အခန်းပိတ်ပြီး တစ်ယောက်တည်းနာနာကျင်ကျင်ဖြတ်သန်းရုံပဲ။ဒါပေမယ့် mate ရှိရဲ့သားနဲ့ rut ကို အတူတူဖြတ်သန်းခွင့်မရတာက ပိုနာကျင်ရတယ်။ ဘာဘဲဖြစ်ဖြစ် သူ့ရဲ့လိုအင်ဆန္ဒတစ်ခုအတွက်နဲ့တော့ သူ့တို့အိမ်ထောင်ရေးကိုလုံးဝအထိခိုက်မခံဖို့သာဆုံးဖြတ်လိုက်တယ်။အဲ့အချိန်မျိုးမှာ ပုံမှန်အသိရှိနေဖို့ဆိုတာခက်ခဲလွန်းတယ်။

အခုနောက်ပိုင်းသိသာလာတဲ့ သူ့ရဲ့ခန္ဓာကိုယ်ကရှောင်းကျန့်ရဲ့ဟော်မုန်းနံ့ကိုပိုလိုလာတယ်။အချိန်တိုင်း အဲ့အနံ့ဘဲလိုချင်တက်မက်လာတယ်။တစ်ခါတစ်လေ ဒီတိုင်းနေနေရင်း သူ့ဘာသာ Hard လာတာမျိုးအထိဖြစ်လာတယ်။ဒါကြောင့်လည်း သူက rut ဖြစ်ခါနီးအခြေနေကိုရိပ်မိခဲ့တာ။ဒါကြောင့်ရှောင်းကျန့်နဲ့တောင်အတူမနေခဲ့ဘူး။အတူနေနေရင်းrut ဖြစ်သွားမှာတအားကြောက်ရတယ်။

ရိပေါ်ကားပေါ်မှာ ဆရာဝန်ပေးတဲ့ဆေးတွေကိုကြည့်ရင်းသက်ပြင်းချလိုက်တယ်။ဒီဆေးတွေကဘယ်အချိန်ထိသူ့ကိုတားပေးနိုင်မလဲ။ရိပေါ်ကားမောင်းနေရင်း အတွေးတွေနဲ့အတူအိမ်ပြန်လာခဲ့တယ်။ အိမ်အပြန် ရှောင်းကျန့်အတွက် hot potဝင်ဝယ်ခဲ့ပြီး အခြားအချိုမုန့်အချို့ပါဝယ်လာခဲ့တယ်။စိတ်ဆင်းရဲနေတဲ့ရှောင်းကျန့်ကို အချိုများများစားစေပြီး စိတ်ဖီးစီးမှုလျော့နည်းစေမယ်။အရင်ရက်ကအခြေနေကြောင့် သူတို့နှစ်ယောက်လုံးညဘက်တွေ ကောင်းကောင်းမအိပ်ပျော်ခဲ့ကြဘူး။

ᴍʏ ᴏᴍᴇɢᴀ ɪs ᴍʏ ᴡɪғᴇ [Completed ]Donde viven las historias. Descúbrelo ahora