Part- 49 (Final)

25.3K 866 58
                                        

ရိပေါ်ကလေးနှစ်ယောက်ကို ဆင်တူအင်္ကျီလေးတွေဆင်ပေးထားကာ ကားနောက်ခန်းမှာ စော်အောနဲ့အတူသွားထည့်ထားလိုက်သည်။ ပြီးတာနဲ့ ရှောင်းကျန့်ကိုခေါ်ဖို့အပေါ်သို့နောက်တစ်ခေါက်ပြန်တက်လာသည်။

" ဟာ! ကိုယ်လာခေါ်ပါမယ်ဆိုမှ ဘာလို့ဆင်းလာတာလဲ! ချော်လဲသွားမှဖြင့်... "

အပေါ်ထပ်ကနေ ဖြည်းဖြည်းချင်းဆင်းလာနေတဲ့ရှောင်းကျန့်ကြောင့်ရိပေါ်အမြန်ပြေးတက်သွားလိုက်သည်။ ရှောင်းကျန့်ကတော့ မွေးခါနီးဗိုက်ကို ကိုင်ကာလှေကားမှတစ်ဆင့်ခြင်းဆင်းလာသည်။

ဤကိုယ်ဝန်သည် ရှောင်းကျန့်ရဲ့ တတိယမြောက်ကိုယ်ဝန်ဖြစ်ကာ ထပ်ပြီးအမွှာကိုယ်ဝန်ဖြစ်၏။နောက်ဆုံးကိုယ်ဝန်ဆိုလည်းမမှား။ ဒီတစ်ခါလည်း ယောက်ကျားလေးများသာဖြစ်သည်။ သမီးလိုချင်တဲ့ ရိပေါ်က သမီးမရလို့စိတ်မကောင်းပေမယ့် သူ့သားအမွှာလေးတွေကိုလည်းအရမ်းချစ်၏။

ရှောင်းကျန့်တို့ဝမ်မျိုးရိုးမှာတော့ တစ်ကယ်ကိုပြောစရာဖြစ်လောက်အောင်ကို သားယောက်ကျားလေးတွေသာထွန်းကားခဲ့သည်။ကိုယ်ဝစစတုန်းက နှစ်ယောက်လုံး သမီးမိန်းကလေးအဖြစ်သာ မျှော်လင့်ခဲ့ကြပေမယ့် ထင်မှတ်သလိုဖြစ်မလာခဲ့။ အဖေတွေက သမီးကိုပိုချစ်ခင်စုံမက်တတ်ကြသည်။ သူကရိပေါ်အတွက် သမီးမွေးပေးလို့မရတော့။

ဆရာဝန်ကိုယ်တိုင်ကလည်း ရိပေါ်နဲ့သူရဲ့ဗီဇကြောင့်လို့ရှင်းပြသည်။ ရိပေါ်က Dominant Alpha ဖြစ်တဲ့အပြင် ရှောင်းကျန့်က ရှားပါးတဲ့ ယောက်ကျားလေး Omega ဖြစ်တဲ့အတွက်ကြောင့် အခုလိုမျိုးရိုးသန့် Alpha ယောက်ကျားလေးများသာ ထွန်းကားခြင်းဖြစ်သည်။ မိန်းကလေးမွေးလာခဲ့ရင်တောင် Alpha ဖြစ်ဖို့ 100‰ သေချာနေသည်။ ဆရာဝန်တွေကတော့ ဒါကအရမ်းကောင်းတယ်လို့ပြောပေမယ့် သမီးလိုချင်နေတဲ့ဖခင်ဖြစ်သူအတွက်ကျ စိတ်မကောင်းစရာပင်။

ဒါပေမယ့် ရိပေါ်က သူ့ရှေ့တစ်ချက်တောင်မငြီးငြူကာ ဗိုက်ထဲကခလေးတွေကို ပိုတောင်ချစ်ပြသေး၏။ တစ်ခါအမွှာရဖူးတော့ နောက်တစ်ခေါက်ကိုလည်း ရှောင်းကျန့်ကအမွှာသာလိုချင်ခဲ့တာကြောင့် ဒုတိယအကြိမ်အမွှာကိုယ်ဝန်ထပ်ဆောင်ခဲ့၏။

ᴍʏ ᴏᴍᴇɢᴀ ɪs ᴍʏ ᴡɪғᴇ [Completed ]Nơi câu chuyện tồn tại. Hãy khám phá bây giờ