Part-33 ( Uni/ Zawgyi)

13.3K 822 68
                                        

ရှောင်းကျန့် စစမောင်းချင်းတော့လက်မရဲပေမယ့် အနည်းငယ်ကြာတော့ တော်တော်လေးမောင်းရတာအဆင်ပြေလာသည်။ ဘဝမှာပထမဆုံးအကြိမ်အခုလိုမျိုးလက်ရဲဇက်ရဲလုပ်ဖူးခြင်းပင်။။ခိုးလုပ်ရတဲ့အရာတွေက တစ်ကယ်ကိုစိတ်လှုပ်ရှားဖို့ကောင်းသည်။အရင်တုန်းက ရိပေါ်ကားတွေစျေးကြီးပေးပြီးဝယ်ရင် ရှောင်းကျန့်မကြိုက်။ပေးရတဲ့ပိုက်ဆံတွေကိုအရမ်းနှမြောသည်။မြေအောက်ပါကင်ထဲမှာလည်း ကားမျိုးစုံအပြည့်။ဒါကိုတောင်ရိပေါ်က အသစ်တစ်မျိုးထွက်တိုင်း တစ်ခါဝယ်သည်။အခုတော့ရှောင်းကျန့်လည်းရိပေါ်ကိုအပြစ်မမြင်တော့ဘူး။ ဘာလို့ဆို သူလည်းမောင်းရတာကြိုက်တယ်လေ။

ရှောင်းကျန့်အစကတော့ ဟိုနားဒီနားပတ်မောင်းရုံလောက်ပါဘဲ။တဖြည်းဖြည်းနဲ့မောင်းလာလိုက်တာ နောက်ဆုံးမြို့ထဲဘက်ကို ရောက်လာသည်။လိုင်စင်မရှိတာမို့ မြို့ထဲပတ်မောင်းလို့မရမှန်းသူသိပေမယ့် လမ်းတောက်လျှောက်က မုန့်ဆိုင်တွေမြင်တဲ့အခါမှာတော့ သူ့စိတ်တွေသူမတားဆီးတော့ဘဲ သူစားချင်သောက်ချင်တဲ့နေရာထိ မောင်းချသွားသည်။

ရိပေါ်ဟိုတယ်​လ်ဆောက်မယ့်မြေနေရာကို လိုက်လံကြည့်ရှုနေရင်း ဆောက်လုပ်ရေးဘက်က ပညာရှင်တွေနဲ့စကားစမြည်ပြောနေလိုက်သည်။သူရဲ့ပထမဆုံး project မို့ အမှားမပါစေချင်။သူလပေါင်းများစွာ သေချာကြိုးစားပြီး လုပ်ကိုင်ထားရတာမို့ ဘယ်သူ့အကူညီမှမပါတဲ့ သူ့ရဲ့တစ်ကယ့်အရည်ချင်းအစစ်မှန်ကို ပြချင်သည်။ရိပေါ်တစ်မနက်လုံး သေချာဆွေးနွေးပြီးမှ နေ့လည်ထမင်းစားချိန်မှသာ နားရသည်။ ထမင်းကိုအပြင်မှာဘဲ စားဖို့တွေးလိုက်ရင်း ကားထဲဝင်ထိုင်လိုက်သည်။

ကား ဒက်(စ်)ဘုတ် ပေါ်ကဖုန်းက တဂျီဂျီတုန်ခါနေတာမို့ ရိပေါ်လှမ်းယူလိုက်သည်။သူလှမ်းယူမှဘဲ ဖုန်းက ကျသွားတော့ ရိပေါ်ပြန်ခေါ်ဖို့ပြင်လိုက်စဥ် သူ့ဖုန်းစခရင်မှာ မြင်နေရတဲ့နီရဲနေသော ဖုန်းအဝင်ကောတွေ။ ကြီးကြီး အပါအဝင် BG တွေရဲ့မြောက်များစွာသောဖုန်းကောတွေ။ ဖုန်းcall log ထဲဝင်လိုက်တော့ တခြားကိုယ်မသိတဲ့နံပါတ်စိမ်းတွေပါအများသား။ခေါ်ထားတဲ့အချိန်တွေကသူအလုပ်သွားပြီး သိပ်မကြာခင်က အချိန်တွေဆိုတော့ တော်တော်လေး တော့ကြာနေပြီ။

ᴍʏ ᴏᴍᴇɢᴀ ɪs ᴍʏ ᴡɪғᴇ [Completed ]Where stories live. Discover now