ရိပေါ်မနက်မိုးလင်းတော့ ရှောင်းကိုဆေးရုံပြပေးပြီး ကျောင်းလိုက်ပို့ပေးစဥ်းစားထားသည်။မနေ့ညကတစ်ညလုံး ရှောင်းကျန့်က ဆက်တိုက်အန်သည်။ အိပ်ပျော်သွားလိုက် တရေးနိုးထထအန်လိုက်နှင့် သူလဲတစ်ညလုံးအနားမှာနေပေးပြီး အချိုရည်တွေဘာတွေဖျော်တိုက်ရသည်။ အခုမနက်ပိုင်းမှ အိပ်ပျော်သွားတာမို့ ရိပေါ်အချိန်ကပ်ပြီးမှသာနှိုးလိုက်တော့မည်။ သူအရင်ရေချိုးလိုက်ပြီး အောက်ထပ်ကိုဆင်းနှင့်လိုက်သည်။ ကြီးကြီးကို နောက်နေ့ချက်တဲ့ ဟင်းတွေထဲ ငါဟင်းလုံးဝမပါဖို့ပါ မှာထားရသည်။
ရှောင်းကျန့်ပုံမှန်နိုးနေကြအချိန်နိုးလာတော့ ဘေးမှာရိပေါ်မရှိတာကြောင့် နှာခေါင်းရှံ့လိုက်မိသည်။ ဒီနေ့လဲ သူကိုမနှိုးဘဲ သွားသည်ဟုသာတွေးပြီး နှုတ်ခမ်းဆူမိသွားသည်။ အိပ်ယာပေါ်ကနေချက်ချင်းထမထိုင်ဘဲ အချိန်အနည်းငယ်လှဲနေလိုက်သေးသည်။ သူ့ခေါင်းတွေ ချာချာလည်မူးနေပြီး ရင်ထဲတလှပ်လှပ်ဖြစ်နေတာကြောင့် မနေ့ညက အန်တာများသွားလို့လို့ထင်လိုက်မိသည်။ ခဏလောက်နေသားကျအောင်နေပြီး မှိန်းနေလိုက်သည်။
တအောင့်ကြာအခန်းတံခါးဖွင့်သံကြောင့် ရှောင်းကျန့်မှိတ်ထားတဲ့မျက်လုံးလေးတွေက အခန်းတံခါးဝကိုစူးစမ်းကြည့်မိလိုက်သည်။ရိပေါ်ဝင်လာတာကြောင့် ရှောင်းကျန့်အံအားသင့်ကာပါးစပ်ကဟလျက်သား။သူက ရိပေါ်အလုပ်သွားပြီတောင်ထင်နေတာ။နာရီကြည့်လိုက်တော့ ရိပေါ်ရဲ့အလုပ်သွားချိန်တောင်ရောက်နေပြီ။
ရိပေါ်အခန်းထဲပြန်ဝင်လာတော့ သူ့ကိုပါးစပ်အဟောင်းသားနဲ့လိုက်ကြည့်နေတဲ့ ရှောင်းကျန့်ကြောင့် ရိပေါ်အသဲယားကာ အနားသွားပြီး ဟနေတဲ့နှုတ်ခမ်းလေးကို!ပြွတ်! ခနဲမြည်အောင် စွဲစုပ်နမ်းလိုက်သည်။မွေ့ယာပေါ်မှာလှဲနေသေးတဲ့ ကိုယ်လေးကိုဆွဲထူပေးလိုက်ပြီး ပွနေတဲ့ဆံပင်လေးတွေကိုသပ်ပေးလိုက်သည်။
" သက်သာသွားပြီလား နေရတာအဆင်ရော ပြေရဲ့လား "
ရှောင်းကျန့်ရိပေါ်ရင်ခွင်ထဲ ဝင်ခွေလိုက်ပြီး ခါးကိုကျစ်နေအောင်ဖက်ထားလိုက်သည်။ပြီးတာနဲ့ ရိပေါ်ရဲ့ရနံ့ကိုရှုရှိုက်နေလိုက်သည်။
YOU ARE READING
ᴍʏ ᴏᴍᴇɢᴀ ɪs ᴍʏ ᴡɪғᴇ [Completed ]
Fanfiction🚨🚨 For yizhan only . Take care of your reading list. ခပ်ကြမ်းကြမ်းအသုံးနှုန်းများပါမှာမို့ sensitive သမားများ မဖတ်ဖို့ ကြိုတင် warning ပေးပါတယ်။ mature on ထားပါတယ်။ Mepreg ပါ။Possessive,rapeနဲ့ sex ခပ်ကြမ်းကြမ်းတွေပါတာမို့ သတိထားဆင်ခြင်ဖတ်ရှူစေချ...
![ᴍʏ ᴏᴍᴇɢᴀ ɪs ᴍʏ ᴡɪғᴇ [Completed ]](https://img.wattpad.com/cover/288402834-64-k720510.jpg)